နေပြည်တော်  ၆   ဖေဖော်ဝါရီ 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ     ယနေ့နံနက်ပိုင်းက မိုးမိတ်မြို့နယ်၊ သစ်ဆိမ့်ကုန်းကျေးရွာအုပ်စု၊ မလွှပင်သစ်ထုတ်လုပ်ရေးစခန်းအနီး၊ မိုးမိတ်-တွင်းငယ် ကားလမ်းတွင် မျိုးထိုက်ဦး မောင်းနှင်ပြီး ကျော်ကျော်ထွန်း လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,ဝ၀ဝ ၊ ဘိန်းဖြူ သုည ဒသမ ဝ၀၄၉ ကီလိုတို့ကို လည်းကောင်း။

ထို့အတူ ယင်းနေ့မွန်းလွဲ ၂ နာရီက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့သည် ကွတ်ခိုင်မြို့၊ အမှတ်(၄)ရပ်ကွက်၊ အိမ်အမှတ်(ဃ-၄၅)နေ မောင်ဝင်း (ခ) ယော်ရှိန်၏ နေအိမ်ကိုဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,ဝ၀ဝ ကို လည်းကောင်း။

အလားတူ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့သည် ယင်းနေ့ ညနေ ၆ နာရီတွင် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ဖတ်ဟိ(အောက်) ကျေးရွာအနီး၊ တာချီလိတ်-မိုင်းဆတ်သွားကားလမ်းမပေါ်တွင် ကျဖေ့မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၂၆၀ ကိုလည်းကောင်း၊

ထို့အတူ ယင်းနေ့ မွန်းလွဲ ၁ နာရီ မိနစ်၄၀ ခန့်က တပ်မတော်မှ မဘိမ်းမြို့နယ်၊ အင်းလှော် ကျေးရွာအနီးရှိ ဇော်ဇော်လေး(ခ)ကွေးကွေး၏တဲအား ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,ဝ၀ဝ ၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကိုသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ၎င်း၏တဲအရှေ့ဘက်ရှိ မဝင်းဝင်းခိုင် ၏ တဲအားဝင်ရောက်ရှာဖွေရာ မြန်မာငွေ ကျပ် ၆၀ဝ,ဝ၀ဝ ၊ လက်ကိုင်ဖုန်း နှစ်လုံးတို့နှင့်အတူ  ဖမ်းဆီး ရမိသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။ 


(သတင်းစဉ်)