ပြည်   ၁၂  ဧပြီ    

 

မူးယစ်ဆေးဝါးတိုက်ဖျက်ရေး(ဗဟို)မှ ပြည်မြို့နယ်၊ ဝက်ထီးကန်တိုက်နယ်ရှိ မူးယစ်ဆေးဝါးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး စခန်းအတွက် လွှဲပြောင်းပေးအပ်သည့် မြေဧက (၈၀)အား ဆက်လက်စီမံဆောင်ရွက်မည့် ကိစ္စနှင့်ပတ်သက်၍ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို အဆိုပါစခန်း အစည်းအဝေးခန်းမ၌ ဧပြီ ၁၁ ရက် နံနက် ၁၀ နာရီခွဲက ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

တွေ့ဆုံဆွေးနွေးပွဲတွင် ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ခင်စိုးစိုးကြည်က အဖွင့်အမှာစကား ပြောကြားပြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက အဆိုပါ မြေဧက(၈၀)အား ဆက်လက်စီမံဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်ဘက်လူမှုအဖွဲ့ အစည်းများမှ တာဝန်ရှိသူများက ယင်းမြေနေရာနှင့်ပတ်သက်၍ ၄င်းတို့ ပူးပေါင်းဆောင်ရွက်ပေးမည့် အစီအစဉ်များကို ပြန်လည် ဆွေးနွေးခဲ့ကြသည်။

 

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝက်ထီးကန်တိုက်နယ်ရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းဖြစ်သည့် အေးသုခပရဟိတ လူမှုကူညီရေးအသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကြီးမြတ်သူ ပရဟိတလူမှု ကူညီရေးအသင်း ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုစုပေါင်း (၆၀)ဦးခန့် တက်ရောက်ကြောင်း သိရသည်။

 

ခရိုင်ပြန်/ဆက်