မြဝတီမြို့နှင့် နမ့်ခမ်းမြို့တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မူးယစ်တပ်ဖွဲ့စု(၃၂) မြဝတီမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ  ၁၀ ရက် နံနက် ၁၀ နာရီက မြဝတီမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဆီးဂဲလ်ဝင်းနေ ဒေါ်ဝင်းကြည် (ခ) ဒေါ်ဝင်း၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၊ မြန်မာငွေ ကျပ် ၁ သိန်းနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း၊ အလားတူ ယင်းနေ့ ညနေ ၅ နာရီခွဲက မူးယစ်တပ်ဖွဲ့စု (၂၂) မူဆယ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နမ့်ခမ်းမြို့နယ်၊ ကွန်လုံကျေးရွာ အဝင်လမ်းမပေါ်တွင် ငွားလေး (ခ) ငွားဆီထွယ် မောင်းနှင်လာသည့် TOYOTA LANDCRUISER အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်ရှာဖွေရာ ဘိန်းဖြူအလေးချိန် (၂၉၇)ဂရမ် သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား