မြဝတီ ၁၅ ဇန်နဝါရီ

 

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကွမ်းခြံကုန်းကျေးရွာအနီး အာရှလမ်းမပေါ်တွင် ဇန်နဝါရီ ၁၄ ရက် မွန်းလွဲ ၁၂ နာရီခွဲ ခန့်က မြဝတီမှကော့ကရိတ်ဘက်သို့ မောင်းနှင်လာသော ကုန်တင်တွဲယာဉ်သည် ဘရိတ်ပေါက်၍ လမ်းဝဲဘက်ခြမ်းသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

741

 

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းဖြစ်သူ ကားခေါင်းခန်းတွင် ပိတ်မိနေသဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်ခဲ့ပြီး ခြေထောက်ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သဖြင့် မြဝတီခရိုင် ပြည်သူ့ ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

အဆိုပါ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာသို့ မြဝတီခရိုင် မီးသတ်ဦးစီးမှူးရုံးမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၈)ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင်(၁၀)ဦးတို့ဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

MDN