နယူးယောက် ၂၆ ဖေဖော်ဝါရီ
ကက်သရင်းဂျွန်ဆင်သည် နာဆာမှသင်္ချာပညာရှင်ဖြစ်ပြီး Hidden Figuresဇာတ်ကားတွင် ဂုဏ်ပြု ဖော်ပြခြင်းခံရသူ လည်းဖြစ်သည်။ ၎င်းသည် အသက် ၁၀၁ နှစ်တွင် သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၄ ရက်တွင် အာကာသအေဂျင်စီ ကပြောသည်။ ၁၉၆၉ ခုနှစ်တွင် လကမ္ဘာသို့ ပထမဆုံးလူလိုက်ပါသည့် အာကာသယာဉ်စေလွှတ်မှုတွင် ကက်သရင်း ဂျွန်ဆင်၏တွက်ချက်မှုမှာ များစွာအထောက် အကူပြုခဲ့သည်။
သို့သော် ၂၀၁၆ ခုနှစ် အော်စကာ ဆန်ခါတင်စာရင်းဝင် Hidden Figures ဇာတ်ကား မပြသမီအချိန်ထိ ၎င်းမှာ လူသိများကျော်ကြားခဲ့ခြင်းမရှိပေ။ Hidden Figures ဇာတ်ကားမှာ နာဆာတွင် အလုပ်လုပ်ကိုင်ကြသည့် လူမည်းအမျိုးသမီးသုံးဦး၏ဘဝကို ရိုက်ကူးထားခြင်းဖြစ်သည်။ ကက်သရင်း ဂျွန်ဆင်မှာ အမေရိကန်အတွက် သူရဲကောင်းဖြစ်ပြီး ၎င်း၏ကြိုးပမ်းအားထုတ်မှုမှာ မေ့သွားနိုင် ဖွယ်မရှိဟု နာဆာမှ စီမံခန့်ခွဲရေးမှူး ဂျင်ဘရစ်ဒန်စတင်း က ပြောသည်။
ကက်သရင်းဂျွန်ဆင်၏ သင်္ချာစွမ်းရည်ကြောင့် အပိုလို ၁၁ အာကာသယာဉ်အတွက်အရေးပါသည့် တွက်ချက်မှု များဖြစ်ခဲ့ပြီး နီးလ်အမ်းစထရောင်းနှင့် ဘက်ဇ်အယ်ဒရင်းတို့ ၁၉၆၉ ခုနှစ်တွင် လကမ္ဘာပေါ်သို့ ဆင်းသက်နိုင်ရေး အကူအညီဖြစ်စေခဲ့သည်။ အမေရိကန်သမ္မတ ဘားရက် အိုဘားမားက ၂၀၁၅ ခုနှစ်တွင် ၎င်းအား အရပ်သားများကို ချီးမြှင့်သည့် အမြင့်ဆုံးဆုတံဆိပ်ဖြစ်သည့် သမ္မတလွတ်လပ် မှုဆုကို ချီးမြှင့်ပေးခဲ့သည်။
အေအက်ဖ်ပီ


