နေပြည်တော် ၃၀ မတ်
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၂၉ ရက် ညနေ ၅ နာရီခွဲက နောင်ချိုမြို့နယ်၊ မူဆယ်-မန္တလေးကားလမ်း၊ မိုင်တိုင်အမှတ် (၈၀/၄)တွင် AD Van အမျိုးအစား ခရီးသည်တင် မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ယာဉ်၏ရှေ့ခန်းတွင် လိုက်ပါလာသည့် စိုးမင်းထိုက်(ခ)ကိုထိုက်ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၈၀ နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကိုသိ မ်းဆည်းရမိသဖြင့် ၎င်းအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား


