ကသာ  ၂၀  ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် နောင်ပင်ကျေးရွာအုပ်စု နောင်ပင် ကျေးရွာ၌ ပြည်သူတို့၏ အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းပေးရန် ရည်ရွယ်၍ ရွေ့လျားပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း (One Stop Shop) အား ယနေ့ နံနက်ပိုင်းက နောင်ပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

 

mdn

 

အခမ်းအနားတွင် ကသာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူရစိုးက ပြည်သူ့ဝန်ဆောင်မှုရုံးတွင် ကွင်းဆင်းဆောင်ရွက်ပေးမည့် လုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားပြီး ကသာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊  မြေစာရင်းလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊ အခြေံပညာရေး ဦးစီးဌာန၊ ကျန်းမာရေး ဦးစီးဌာနတို့မှ မွေးဖွားမှု၊ သေဆုံးမှုစာရင်းများ၊ စက်တပ်ရေယာဉ် မှတ်ပုံတင်ဆောင်ရွက်ပေးခြင်း၊ ကျေးရွာ မြေငှါးဂရမ်များ လက်ခံဆောင်ရွက်ပေးခြင်း၊ အိပ်ထောင်စုစာရင်းများ စသည်ဖြင့် ကဏ္ဍအလိုက် ကျေးရွာနေပြည်သူများ၏ လိုအပ်ချက်များအား ဆောင်ရွက်ပေးခဲ့သည်။

 

mdn

 

ထို့နောက် မူးယစ်တပ်ဖွဲ့စု (၆) မှ ရဲအုပ်ကျော်မင်းထွန်းက မူးယစ်ဆေးဝါး အန္တရယ်အကြောင်း အသိပညာပေး ဟောပြောပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ အသိပညာ ဗဟုသုတ ရရှိစေရန် နံရံကပ်ဓါတ်ပုံများ ပြသခဲ့ပြီး ကျေးရွာနေပြည်သူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 

ဟန်မျိုးကျော် (ကသာ)