"နောင်တွင်ဥဒါန်း တွင်စေသတည်း" ဇာတ်ကားကြီး ယခုလ၂၁ ရက်တွင် ရုံတင်ပြသမည်

မြို့ရွှေမန်းသား ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်၍ ဇာတ်လမ်‌း ဇာတ်ညွှန်‌း ဒါရိုက်တာ အကယ်ဒမီ ‌မောင်ယဉ်‌‌အောင် ရိုက်ကူးထားသည့် "‌နောင်တွင်ဥဒါန်‌း တွင်‌‌စေသတည်‌း" ရုပ်ရှင်ဇာတ်ကားတွင် ထပ်ဆင့်အကယ်ဒမီဆုရှင် ရန်‌‌အောင်၊ အကယ်ဒမီ ရဲ‌အောင်၊ ဖိုးချစ်၊ အလင်‌း‌ရောင်၊ မိုးဒီ၊ အကယ်ဒမီ ထွန်‌းအိန္ဒြာဗို၊ အေးမြတ်သူ၊ ရတနာဗို၊ ချိုပြုံး၊ မေသန်‌းနု၊ မေသဉ္ဇာဦး၊ ခင်မို့မို့‌အေး၊ လူမင်‌း(ဧည်‌့သည်သရုပ်‌‌ဆောင်) ပါဝင် သရုပ်ဆောင်ထားကြသည်။

"နောင်တွင်ဥဒါန်‌း တွင်‌‌စေသတည်‌း" ရုပ်ရှင်ဇာတ်ကားကြီးတွင် မန္တ‌လေး‌တောင် တစ်‌‌တောင်လုံး သိမ်‌့သိမ်‌့တုန်သွားတဲ့ အချစ်ဇာတ်လမ်‌းတစ်ပုဒ် ဂုဏ်ဓနတံတိုင်းကြီးတွေ ကာရံထားမှုကြောင့် ချစ်သောသူနှင့် ကွေကွင်းခဲ့ရသည့် ပန်းသည်မ သမီးနှင့် အချစ်အတွတ် မိမိအသက်ကိုစတေးခဲ့သည့် လူငယ်လေးတစ်ဦး၊ ငွေမျက်နှာ တစ်ခုတည်းကိုသာ ကြည့်တတ်သည့် မိခင်တဦးရဲ့ အတ္တတို့ကို လွမ်းမောဖွယ် စိတ်ကူးပုံဖော်ထားပြီး ပုဂံ၏အလှအပ အငွေ့အသက်တို့ကို ခြယ်မှုန်းဖန်တီးထာသည့် ဇာတ်ကားကြီးဖြစ်သည်။

"ဇာတ်ကား မရိုက်ခင် ကတည်းက အေးမြတ်သူ ဇာတ်ကို ဖတ်ကြည့်ဖြစ်ခဲ့တယ်၊ ဇာတ်ကား အရမ်းကို ဆွဲဆောင်မှု ရှိတယ်၊ ပြီးတော့ ကိုယ်တစ်ခါမှ မလုပ်ဘူးတဲ့ ကာရိုက်တာမျိုး လုပ်ရမယ်ပေါ့နော်၊ အဲ့ဒါကြောင့် ရိုက်ဖြစ်ခဲ့တာပါ၊ အေးမြတ်သူရဲ့ ကာရိုက်တာက ဒီကားမှာ ကာရိုက်တာနှစ်မျိုးနဲ့ လုပ်ရတယ်လို့ ဆိုနိုင်တယ် ပထမ (၁၆) နှစ်အရွယ် ကောင်မလေးတစ်ယောက် ၊ နောက်အသက်ကြီးလာပြီး  သားတစ်ယောက် အရွယ်ရောက်တဲ့အထိ ပြုစုစောင့်ရှောက်ရတဲ့ မိခင်နေရာပေါ့နော်၊ အေးမြတ်သူရဲ့ ခင်ပွန်းအဖြစ် အလင်းရောင်က သရုပ်ဆောင်မှာပါ၊ သားအဖြစ် ကိုဖိုးချစ်က သရုပ်ဆောင်ထားပါတယ်၊ ညီမက ဇာတ်ကားရဲ့ သုံးချိုးတစ်ချိုးလောက်ကို အရမ်းကြိုက်တယ်၊ ပြဇာတ်ကို ပြန်ပီး ရုပ်ရှင်အဖြစ် ဖန်တီးတဲ့ကားဖြစ်တာမို့ ကြည့်ရတဲ့ပရိသတ် နဂိုအရသာထက် ပိုကောင်းတဲ့ ခံစားမှုကိုရရှိစေမှာပါ" ဟု ဆိုသည်။

အဆိုပါ ဇာတ်ကားတွင် ဧည့်သည် သရုပ်ဆောင်အဖြစ် လူမင်း ပါဝင်ထားပြီး ထွန်းအိန္ဒြာဗိုလ်၏ ခင်ပွန်းအဖြစ် ပါဝင်ထားသည်။ ယင်း ဇာတ်ကားသည် မေတ္တာတရားနှင့် အချစ်ကြား အတ္တတွေ ဖုံးလွှမ်းနေပုံကို ရည်ညွန်းဖော်ကျူးထားပြီး ယခုလ(၂၁)ရက်‌‌နေ့တွင် မြန်မာတစ်ပြည်လုံးရှိ မင်္ဂလာ အဆင့်မြင့် ရုပ်ရှင်ရုံများတွင် ရုံတင်‌ပြသ‌တော့မည်ဖြစ်ကြောင်း သိရသည်။

 

ကိုလင်း