စစ်တွေ ၂၇ မတ် 
    

 

နော်ဝေနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး H.E. Mr. Dag-Inge Ulstein သည် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ရှိ ရပ်ကွက်၊ ဆေးရုံ၊ ကျေးရွာနှင့် IDP စခန်းများသို့ သွားရောက်လေ့လာသည်။


    

e

 

ရှေးဦးစွာ နော်ဝေအပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးနှင့် ကိုယ်စားလှယ်  အဖွဲ့သည် စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်သို့ သွားရောက်၍ ဒေသခံများနှင့်တွေ့ဆုံပြီး ရပ်ကွက် စာသင်ကျောင်းများနှင့် ဆေးခန်းကို သွားရောက်ကြည့်ရှုသည်။
    

 

ထို့နောက် နော်ဝေအပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးနှင့် အဖွဲ့သည် စစ်တွေ အထွေထွေရောဂါကု ဆေးရုံကြီးသို့ ရောက်ရှိကြရာ ဆေးရုံအုပ်ကြီး ဒေါက်တာ မိုးမြင့်ဝင်းနှင့် တာဝန်ရှိသူများက လူနာများ ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေသည့် အခြေအနေများကို လိုက်လံရှင်းလင်း ပြသသည်။

 


ဆက်လက်၍ နော်ဝေအပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးနှင့် အဖွဲ့သည် သဲချောင်းရွှေ့ပြောင်းဒုက္ခသည်စခန်းသို့ သွားရောက်၍ ရွှေ့ပြောင်းဒုက္ခသည်စခန်း တာဝန်ရှိသူများ၊ ရွှေ့ပြောင်းဒုက္ခသည်များနှင့် တွေ့ဆုံသည်။

 

e

 

ထို့နောက် သဲချောင်းကျေးရွာသို့ သွားရောက်၍ ရခိုင်တိုင်းရင်းသား၊ မာရမာကြီးနှင့် အစ္စလာမ်ဘာသာဝင် ကျေးရွာပြည်သူများနှင့် တွေ့ဆုံပြီး ညနေပိုင်းတွင် လေယာဉ်ဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာသွားသည်။

 


မျိုးသူထွန်း