(၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၁၈)ရက်နေ့ မွန်းလွဲ(၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

 

ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။

 

လွန်ခဲ့သော(၂၄)နာရီအတွင်းက တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာခဲ့ပြီး  နေပြည်တော်၊          စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊       မန္တလေးတိုင်းဒေသကြီး၊          ပဲခူးတိုင်းဒေသကြီး၊     ရှမ်းပြည်နယ်၊      ချင်းပြည်နယ်    နှင့်    ရခိုင်ပြည်နယ်တို့တွင်         အများအားဖြင့် သာယာခဲ့ကာ၊    ကျန်တိုင်းဒေသကြီးနှင့်     ပြည်နယ်တို့တွင်    တိမ်အသင့်အတင့်      ဖြစ်ထွန်းခဲ့ပါသည်။     ညအပူချိန်များမှာ      ချင်းပြည်နယ်တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်အောက် (၄)ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင်    ဒီဇင်ဘာလ၏      ပျမ်းမျှအပူချိန်တို့ထက်      (၂)ဒီဂရီစင်တီဂရိတ်နှင့်   ကယားပြည်နယ်၊     ကရင်ပြည်နယ်နှင့်      မွန်ပြည်နယ်တို့တွင်   ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်တို့ထက် (၃)ဒီဂရီစင်တီဂရိတ်မှ (၄)ဒီဂရီစင်တီဂရိတ်အထိ ပိုခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျအပူချိန်ခန့်သာ ရှိခဲ့ပါသည်။ ထူးခြားသည့် ညအပူချိန်များမှာ ဟားခါးမြို့တွင် (၄)ဒီဂရီစင်တီဂရိတ်၊ တီးတိန်မြို့တွင် (၅)ဒီဂရီစင်တီဂရိတ်နှင့် ကျောက်မဲမြို့၊ ဟဲဟိုးမြို့နှင့် ပြင်ဦးလွင်မြို့တို့တွင် (၆)ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်ကြပါသည်။

 

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

 

မနက်ဖြန်နံနက်အထိ   ခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးတွင်       နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊  ရှမ်းပြည်နယ်၊  ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် အများအားဖြင့် သာယာပြီး၊    ကျန်တိုင်းဒေသကြီးနှင့်       ပြည်နယ်တို့တွင်       တိမ်အသင့်အတင့်             ဖြစ်ထွန်းမည်။

 

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်   နှင့်     ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၃)ပေမှ (၆)ပေခန့် ရှိနိုင်ပါသည်။

 

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။    ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင်     ညအပူချိန်များ     အနည်းငယ်     လျော့နည်းနိုင်ပါသည်။

 

 

နေပြည်တော်နှင့်   အနီးတစ်ဝိုက်အတွက်    မနက်ဖြန်နံနက်အထိ  ခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။

 

ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

 

မန္တလေးမြို့နှင့်    အနီးတစ်ဝိုက်အတွက်   မနက်ဖြန်နံနက်အထိ    ခန့်မှန်းချက်။    အများအားဖြင့် သာယာမည်။

 

Crd> မိုး/ဇလ