နေပြည်တော် ၁၂ ဧပြီ
၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၃ ရက်မှ ဧပြီလ ၁၆ ရက် အထိ နိုင်ငံတစ်ဝန်းလုံး၌ မြန်မာ့ရိုးရာ နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ကို အေးချမ်းပျော်ရွှင်ကြည်နူးစွာ ဆင်နွှဲကြမည် ဖြစ်သည်။
ဧပြီ(၁၃)ရက်တွင်ကျင်းပမည့် နေပြည်တော်မြို့တော်ဝန်မဏ္ဍပ်၊ ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်နှင့် မန္တလေးမြို့တော်ဝန်မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားများ၊ သင်္ကြန်ကာလ အက၊ အလှ ဖျော်ဖြေမှုများနှင့် ဧပြီ (၁၆)ရက်တွင် ကျင်းပမည့် နေပြည်တော်မြို့တော်ဝန်မဏ္ဍပ်၊ ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်နှင့် မန္တလေးမြို့တော်ဝန်မဏ္ဍပ် ပိတ်ပွဲ အခမ်းအနားများကို မြန်မာ့ရုပ်မြင်သံကြား (MRTV)မှ တိုက်ရိုက်ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)
ဓာတ်ပုံ-MRTV facebook page


