နေပြည်တော်  ၂၂  ဖေဖော်ဝါရီ

နေပြည်တော်-ရန်ကုန် လမ်းပိုင်း မိုင်တိုင်၁၅၂/၄-၁၅၂/၄ တွင် ယနေ့ နံနက် ၈ နာရီ မိနစ် ၂၀ က ယာဉ်မောင်းကို နေဇော် အင်းစိန်လမ်းမ၊ ကမာရွတ်မြို့နယ်နေသူ မောင်းနှင်လာသည့် Nissan (အဖြူ)ရောင်BB/----သည် ဘယ်ဘက်ဘီးပေါက်၍ လမ်းလယ်ကျွန်းရောက်ရှိပြီး ပက်လက်လန် တိမ်းမှောက်ခဲ့ပါသည်။

 

‌ေ

 

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား -၅ ဦး အမျိုးသမီး -၁ ဦး စုစုပေါင်း -၆ ဦးတွင် အမျိုးသား - ၁ ဦး သေဆုံး၍ အမျိုးသား-၄ ဦးဒဏ်ရာရရှိသဖြင့် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ ဇီးပင်သာ စခန်းမှ တပ်ဖွဲ့ဝင်များနှင့် အထောက်အကူပြုအဖွဲ့များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

MDN