နေပြည်တော် မေ ၁၁
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ပျဉ်းမနားမြို့၊ ကန်တော်မင်္ဂလာရှမ်းကန် သာယာလှပရေးနှင့် ရေလယ်ဘုရား ကျောင်းဆောင်တည်ဆောက်ပြီးစီးမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်က ရေကန်အတွင်းနှင့် ကန်ပတ်ဝန်းကျင်အား သန့်ရှင်းသာယာလှပစေရေး အမြဲမပြတ်ဆောင်ရွက်ရန်၊ ရပ်ကွက်ကျေးရွာများတွင် စာကြည့်တိုက်များ ရှင်သန်စေရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပျဉ်းမနားမြို့မြို့မိမြို့ဖများ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကို တာဝန်ရှိသူများအားမှာကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊မြို့တော်ဝန်နှင့် အဖွဲ့သည် ပျဉ်းမနားမြိုအမှတ် (၈၅) တံတားအနီး ငလိုက်ချောင်းတစ်လျှောက် သာယာလှပရေးလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့် အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ ကင်ပွန်းတန်ကျေးရွာရှိ ရွှေပြည်စိုးဆန်စက်သို့ သွားရောက်၍ ဒေသခံတောင်သူများနှင့် တွေ့ဆုံပြီး နေပြည်တော်ကို ပညာရေးမြို့တော်ဖြစ်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နေပြည်တော်ကို Green City, Clean City, Smart City အဖြစ် ဆောင်ရွက်နေလျက်ရှိရာ အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း၊ ကျောင်းအပ်နှံရေးအတွက် ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းအပ်နှံနိုင်ရေးတို့ကို အလေးထား ဆောင်ရွက်ကြစေလိုကြောင်း၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးပြီး ပန်းတိုင်အထွက်နှုန်းပြည့်ဝစွာဖြင့် စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် သီးထပ်စွမ်းအားများ တိုးတက်အောင် စနစ်တကျ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကျေးရွာစာကြည့်တိုက်များတွင် စာအုပ်နေ့စဉ်ထုတ် သတင်းစာများထား ရှိရေး၊ သုတရသစာအုပ် စာစောင်များ စုံစုံလင်လင် ထားရှိနိုင်ရေး၊ ကျေးလက်နေပြည်သူများ အသိပညာ တိုးပွားနိုင်ပြီး လူမှုစီးပွားဘဝဖွံ့ ဖြိုးတိုးတက်ရေးကို အဓိကအထောက်အကူပြုပေးနိုင်သည့် စာအုပ်စာပေများထားရှိနိုင်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် ရွှေပြည်စိုးဆန်စက်ပိုင်ရှင် ဦးခွန်တေဇဟန်က ဆန်စက်လည်ပတ်နေမှုအခြေ အနေများနှင့် စပါးအခြောက်ခံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် တောင်သူများက လက်ရှိလယ်ယာစိုက်ပျိုးနေမှုကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ပျဉ်းမနားမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများ၊ မြို့မိမြိုဖများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးဆိုသည့် အမျိုးသားရေး ရည်မှန်းချက်နှစ်ရပ် ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME ထုတ်ကုန်များကို စီမံကိန်းလျာ ထားချက်များ ပြည့်မီစေရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးဆိုင်ရာများကို ကျေးရွာများအလိုက် စံပြဖြစ်အောင် အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပျဉ်းမနားမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းစိုးက မြို့နယ်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ အချက်အလက်များကိုလည်းကောင်း၊ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်းရှင်များက လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် လိုအပ်ချက်များကို လည်းကောင်း ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားသည်။
ထိုမှတစ်ဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ပျဉ်းမနားမြို့နယ် စိုက်ပျိုးရေးခြံ သို့ရောက်ရှိပြီး စိုက်ပျိုးရေးခြံတွင် ပျဉ်းမနားမြို့နယ်အရှေ့ခြမ်း တောင်ပေါ်ကျေးရွာများသို့ ဖြန့်ဖြူးမည့် ဒူးရင်း၊ ကြက်မောက်၊ ထောပတ်၊ ကုန်းမြင့်ကော်ဖီနှင့် မြေနိမ့်ကော်ဖီပျိုးပင်များ ပျိုးထောင်ထားမှုများနှင့် သီးနှံမျိုးစေ့များကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Breaking News


