နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ကမ္ဘာ့ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၄)ခုနှစ် အခမ်းအနားတက်ရောက်

နေပြည်တော်     မေ      ၇

 

ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်(၂၀၂၄)ခုနှစ် (World Immunization Week) အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲတွင် နေပြည်တော်၊ ပျဉ်းမနားမြို့နယ် မင်္ဂလာဗျူဟာ သာသနာ့ ဗိမာန်တော်ကြီး၌ ကျင်းပသည်။

 

အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ဇနီး၊ နေပြည်တော် ကောင်စီဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ နေပြည်တော် မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယက၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နေပြည်တော်အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ နေပြည်တော်အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေး အသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရောဂါနှိမ်နှင်းရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဗဟိုတိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းမှ ညွှန်ကြားရေးမှူး၊ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိ သူများ၊ ဗဟိုအဆင့်ဆေးရုံ အုပ်ကြီးများ၊ ပါမောက္ခဆရာဝန်ကြီးများနှင့် အထူးကုဆရာဝန်ကြီးများ၊ မြို့နယ် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှူးများ၊  ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ကာကွယ်ဆေးထိုးနှံမည့် ကလေးများနှင့် မိခင်များတက်ရာက်ကြသည်။

 

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ယခုနှစ် ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးရေး ရက်သတ္တပတ် အခမ်းအနား၏ ဆောင်ပုဒ်မှာ “ကလေးများအနာဂတ်လှပဖို့ လူတိုင်းပါဝင် ဆောင်ရွက်လို့ ကာကွယ်ဆေးဖြင့် အသက်ကယ်စို့” ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေး ခြင်းဖြင့် ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများကြောင့် သေဆုံးမှုကိုလျှော့ချပြီး ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်းလုပ်ငန်းဖြင့် ကလေးများ၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်စေ ရန်ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် အထိမ်းအမှတ် ကာကွယ်ဆေးထိုးလုပ်ငန်းများနှင့် ပတ်သက်သည့် မှတ်တမ်းဗီဒီယိုကို ပြသသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ကာကွယ်ဆေးအကြိမ်ပြည့် မထိုးနှံရ သေးသည့် အသက်(၅)နှစ်အောက် ကလေးငယ်များကို ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များ ကာကွယ်ဆေးထိုးနှံပေးနေမှုများကို  ကြည့်ရှုအားပေးပြီး လက်ဆောင်ပစ္စည်းများ နှင့် အာဟာရဖြစ် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြသည်။

 

ယမန်နေ့ နံနက်ပိုင်းက Public Transportation နှင့် နေပြည်တော်အတွင်း EV Bus ကားများပြေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော် စည်ပင်သာယာရေး ကော်မတီ အစည်းအဝေးခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်က နိုင်ငံတော်အစိုးရအနေဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အတွက် နိုင်ငံခြားမှဝယ်ယူတင်သွင်းနေရသည့် လောင်စာဆီများ လျော့နည်းသက်သာစေရန်နှင့် သဘာဝ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ထိန်းသိမ်းကာကွယ်နိုင်ရန်၊ လောင်စာဆီစွမ်းအားနှင့် အသုံးပြုနေသည့် မော်တော်ယာဉ်များအစား လျှပ်စစ်စွမ်းအားသုံးယာဉ်(EV)များကို အစားထိုးအသုံးပြုနိုင်ရန် စီမံဆောင်ရွက် လျက်ရှိကြောင်း၊ တက်ရောက်လာကြသူများအနေဖြင့် နေပြည်တော်အတွင်းရှိ Public Transportation ဆောင် ရွက်နေသည့် လက်ရှိအခြေအနေများနှင့် လျှပ်စစ်စွမ်းအားသုံးယာဉ် EV Bus ကားများဖြင့် ပြေးဆွဲပေးနိုင်မည့် အခြေအနေများကို တင်ပြဆွေးနွေးကြရန်လိုကြောင်း ပြောကြားသည်။

 

ထို့နောက် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်က  EV Bus မော်တော်ယာဉ်လိုင်းပြေးဆွဲရန် Pilot Project ရေးဆွဲခဲ့မှုနှင့် လက်ရှိဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး နေပြည်တော်ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ နေပြည်တော် မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ(မြို့တွင်း) အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၊ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ (စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန)တို့မှ တာဝန်ရှိသူများက နေပြည်တော်အတွင်းရှိ Public Transportation အတွက် လမ်းကြောင်းများ လျာထားဆောင်ရွက်ထားရှိသည့် အခြေအနေများနှင့် လျှပ်စစ်သုံး EV Bus ကား များဖြင့် ပြေးဆွဲပေးနိုင်မည့် အခြေအနေများကိုလည်းကောင်း၊ စိုက်ပျိုးရေးတက္ကသိုလ်၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ စိုက်ပျိုးရေးသိပ္ပံ၊ အစိုးရ စက်မှုလက်မှုသိပ္ပံ၊ အစိုးရနည်းပညာအထက်တန်းကျောင်း၊ နည်းပညာတက္ကသိုလ်၊ Naypyitaw State Academyတို့မှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် နေပြည်တော်ပညာရေး မှူးတို့က ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ရောက်၍ ပညာသင်ကြားနေမှုအခြေအနေများနှင့် ယာဉ်လိုင်းများ ပြေးဆွဲပေးရန် လိုအပ်မှုအခြေအနေများကိုလည်းကောင်း ဆွေးနွေးတင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

(သတင်းစဉ်)