နေပြည်တော် ဩဂုတ် ၁၃
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ဇမ္ဗူသီရိမြို့နယ် အောင်ဇမ္ဗူရပ်ကွက် ကွင်းအမှတ် (၁၆၆၁)ရှိ တောင်သူ ဦးသန်းဇော်၏ လယ်သို့ သွားရောက်ပြီး မိုးစပါးအထွက်ကောင်းမျိုးများ ကောက်စိုက်စက်များဖြင့် စိုက်ပျိုးနေမှုကို ကြည့်ရှု အားပေးပြီး တောင်သူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ဒက္ခိဏသီရိမြို့နယ် ရွာမကျေးရွာအုပ်စု ကွင်းအမှတ် (၁၆၇၂)၌ ကောက်ရိုးဖြင့် သဘာဝ မြေဩဇာပြုလုပ်ထားရှိမှုနှင့် သဘာဝမြေဩဇာ ပြုလုပ်နည်းလက်တွေ့သရုပ်ပြသခြင်းကို ကြည့်ရှု အားပေးသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ဒက္ခိဏသီရိမြို့နယ် ရွာမကျေးရွာအုပ်စု ကွင်းအမှတ် (၁၆၇၂) ရှိ တောင်သူ ဦးဘိုဘိုမောင်၏ လယ်ရှစ်ဧက၌ သဘာဝမြေဩဇာပြုလုပ်ရာတွင် ပါဝင်ပစ္စည်းများ ခင်းကျင်းပြသထားမှုနှင့် ရေဆင်းပေါ်ဆန်း(၂)စပါး မျိုးများစိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးပြီး တောင်သူများနှင့်တွေ့ဆုံ၍ သဘာဝမြေဩဇာကို တောင်သူများ ကိုယ်တိုင် ပြုလုပ်သုံးစွဲရေး၊ တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ မျိုး၊ မြေ၊ ရေ၊ နည်း စနစ်များနှင့်အညီ စိုက်ပျိုးဆောင်ရွက်ရေး မှာကြားသည်။
သတင်းစဉ်


