သံတောင်ကြီး  ၁၉  မတ် 
    

ကရင်ပြည်နယ် သံတောင်ကြီးမြို့တွင် တပ်မတော်ကြည်းတိုက်ခိုက်ရေးကျောင်း(ဘုရင့်နောင်) တပ်နယ်မှူးဗိုလ်မှူးချုပ် သူရလှမင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်တို့၏ ဦးဆောင်မှုဖြင့် နွေရာသီကျောင်းပိတ်ရက် မြန်မာ့သိုင်းသင်တန်းကို သံတောင်ကြီးအ-ထ-က ကျောင်းရှိ မိုးလုံလေလုံ အားကစားရုံအတွင်း၌ ဖွင့်လှစ်သင်ကြား ပေးခဲ့သည်။
  

အဆိုပါသင်တန်းကို  မတ်လ ၁၈ ရက်မှ ဧပြီလ ၁၂ ရက်နေ့အထိ သင်ကြားပေးမည်ဖြစ်ပြီး ဘုရင့်နောင်တပ်နယ်မှသင်တန်းဆရာ(၃)ဦးမှလာရောက်သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
 

သင်တန်းသို့ သင်တန်းသား(၄၈)ဦးနှင့် သင်တန်းသူ (၅၂)ဦး စုစုပေါင်း ၁၀ဝ တက်ရောက် သင်ကြားခဲ့ကြောင်း သိရသည်။


မြို့နယ်(ပြန်/ဆက်)

 

1