ညောင်ဦး    ၁၉    ဧပြီ    

           

ပူပြင်းခြောက်သွေ့သော နွေရာသီကာလများတွင် မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးမြို့နယ်အတွင်းရှိ ဒေသခံ ကျေးလက်နေပြည်သူများ သောက်သုံးရေရှားပါးမှု အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသဖြင့် သုမင်္ဂလာ ပရဟတိ ရေလှူအသင်း နာယကဆရာတော် ဥူးသုမင်္ဂလ ဦးဆောင်သော ပရဟိတရေလှူအသင်းအဖွဲ့ဝင်များက ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာ ဖြူစင်မေတ္တာပရဟိတရေလှူအသင်း နာယကဆရာတော် အရှင်သာဂရ ဦးဆောင်သော ပရဟိတ ရေလှူအသင်းသားများနှင့် ပူးပေါင်း၍ ဧပြီ ၁၉ ရက် နံနက် ၉ နာရီက ညောင်ဦးမြို့နယ် ဆင်လူးအိုင်ကျေးရွာ၊ ညောင်လှကျေးရွာနှင့် ကန်နီပေါက်ကျေးရွာတို့မှ ဒေသခံကျေးလက်နေပြည်သူများထံ ရေသယ်ယာဉ်များဖြင့် သောက်သုံး ရေများ ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

1

           

ယင်းသို့ နွေရာသီကာလ သောက်သုံးရေအခက်ကြုံနေသည့် ကျေးလက်နေပြည်သူများထံ သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းပေးရာတွင် သုမင်္ဂလာ ပရဟတိရေလှူအသင်းနှင့် မြင်းကပါကျေးရွာ ဖြူစင်မေတ္တာပရဟိတရေလှူအသင်းတို့မှ  ဆရာတော် ဥူးသုမင်္ဂလ ၊ ဆရာတော် အရှင်သာဂရ တို့မှ ဦးဆောင်၍ ပရဟိတရေလှူအသင်းသားများအဖွဲ့က ညောင်ဦးမြို့နယ် ဆင်လူးအိုင်ကျေးရွာ ဒေသခံပြည်သူများအတွက် ရေဂါလန် ၃၀ဝ၀ ၊ ညောင်လှကျေးရွာ ဒေသခံပြည်သူများအတွက် ရေဂါလန် ၃၀ဝ၀ ၊ ကန်နီပေါက်ကျေးရွာ ဒေသခံပြည်သူများအတွက် ရေဂါလန် ၃၀ဝ၀ ၊ စုစုပေါင်း ရေဂါလန် ၉၀ဝ၀ အား အိမ်ထောင်စုအလိုက် သောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ရေး ရေသယ်ယာဉ်များဖြင့် စနစ်တကျ ခွဲဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

1

           

ညောင်ဦးမြို့နယ်၌ ရာသီဥတု အပူချိန်မြင့်တက်လာမှုနှင့်အတူ ကျေးလက်နေပြည်သူများ သောက်သုံးရေ ရှားပါးမှု အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရပြီး ယခုလို သောက်သုံးရေရှားပါးသည့်အချိန်တွင် ဒေသခံပြည်သူများ သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် သုမင်္ဂလာ ပရဟိတရေလှူအသင်းနှင့် ဖြူစင်မေတ္တာ ပရဟိတရေလှူအသင်းတို့က ရေသယ်ယာဉ်များဖြင့် ကျေးရွာအရောက် စဉ်ဆက်မပြတ် လှူဒါန်းပေးလျက်ရှိကြောင်း ညောင်ဦးမြို့နယ် ညောင်လှကျေးရွာမှ ဒေသခံပြည်သူတစ်ဦးက ပြောပြ၍ သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)

 

1