ငါးအကြွပ်ကြော်

ဂျပန်ချက်ပြုတ်နည်းတွေမှာ ပုံမှန်အားဖြင့်  ငါးကောင်လုံးကြော်ပန်းကန် ပြင်ဆင်တဲ့အခါ ငါးခေါင်းကို  ပန်းကန်ရဲ့ ဘယ်ဘက် လှည့်ထားလေ့ရှိပါတယ်။ ဒါပေမဲ့ အခုကြော်ပြထားတဲ့ ငါးအမျိုးအစားကိုတော့  ညာဘက်လှည့်ထား ကြပါတယ်။

 

ပါဝင်ပစ္စည်းများ (၄ဦးစာ)

 

Bastard halibut (အငယ်) ၄ကောင်

 

သံပုရာသီးကို စက်ဝိုင်းခြမ်းပုံ အလွှာပါးလေးတွေ လှီးထားပါ။

 

ဆား

 

ငရုတ်ကောင်း

 

အာလူးမှုန့် အနည်းငယ်

 

ဟင်းရွက်ဆီ (ငါးကြော်ရန်)

 

ပြုလုပ်ပုံ

 

၁။ငါးကို အကြေးထိုးပြီး အမြီး နှင့် ရေယက်တို့ကို ဖြတ်ထုတ်ပါ။ ငါးဗိုက်ကို ဖောက်ပြီး ငါးတစ်ကောင်လုံးကို ရေဆေးပါ။

 

၂။ငါးတစ်ကောင်လုံးမှာ ပုံပါအတိုင်း သံဇကာကွက်ပုံ ဓားရာ မွှမ်းပေးပြီး ဆားနှင့် ငရုတ်ကောင်းမှုန့် တို့ဖြင့် နယ်ပါ။

 

၃။ပိတ်ပါးစထဲမှာ အာလူးမှုန့်တွေ ထည့်ပြီး ငါးကို ပုတ်ပေးပါ။

 

၄။မီးအပူချိန် ၁၈၀ ဒီဂရီ ပေးထားတဲ့ ဆီပူအိုးထဲမှာ ငါးကို တစ်မိနစ်တိတိကြော်ပြီး မီးအပူကို လျှော့ချကာ မီးအေးအေးနဲ့ ၇ မိနစ် ၈ မိနစ်ခန့် ဆက်ကြော်ပါ။ ထို့နောက်  ငါးကြော် ကြွပ်ကြွပ်လေး ဖြစ်နေအောင် မီးအပူကို ပြန်မြှင့်ပြီး စက္ကန့် ၃၀ လောက် ကြော်ပါ။ ဆီထဲမှ ဆယ်ပြီး ဆီစစ်ထားပါ။

 

၅။ပန်းကန်ပြားထဲမှာ ဆီစုပ်စက္ကူ ခင်းပြီး ငါးကြော်ကို ညာဘက်ခေါင်းလှည့်ပြီး တင်ပါ။ သံပုရာသီးစိတ်ကလေးများနှင့် အလှဆင်ပါ။

 

ကိုးကား- NHK