နေပြည်တော် ၁၁ ဧပြီ

 

အောင်မင်္ဂလာ အဝေးပြေးဂိတ်မှ ထွက်ခွာလာသည့် ယာဉ်အမှတ် 6M/7--- HIGHT CLASS Express ယာဉ်တွင် ခရီးသည်များအပြင် ငါးစိမ်းအိတ်များကို အန္တရာယ် ဖြစ်ဖွယ်တင်ဆောင်လာကြောင်း ယနေ့နေ့လယ် ၁၁ နာရီက ခရီးသွားပြည်သူတစ်ဦးက အမြန်လမ်းမကြီး ရဲတပ်ဖွဲ့သို့ သတင်းပေးပို့ အကြောင်းကြားလာသဖြင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ့ အမှတ်(၃) လမ်းဆုံစခန်း တပ်ဖွဲ့ဝင်များမှ အဆိုပါ ယာဉ်အား အမြန်လမ်းမပေါ်သို့ ဝင်ရောက်ခွင့်မပြုဘဲ ယာဉ်ပေါ်ပါ ငါးစိမ်းအိတ် ၁၄ အိတ်ကို မူလဂိတ်တွင် ပြန်လည် ချထားရန် တားမြစ်ထိန်းသိမ်းခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

 

MDN

 

ge 567955