နေပြည်တော် ၁၈ ဧပြီ
ငွေဆောင်ကမ်းခြေဒေသသည် နှစ်စဉ်ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ တိုးတက်လာသည်နှင့်အမျှ သင်္ကြန်ရုံးပိတ်ရက် ကာလအတွင်း အပန်းဖြေခရီးသွား ဧည့်သည်များ ယခင်နှစ်ကထက်ပိုမို များပြားစွာ လာရောက် လည်ပတ်ခဲ့သည့်အတွက် ကမ်းခြေနှင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်များ မပျက်စီးစေရေး၊ အမှိုက်ကင်းစင်သော အပန်းဖြေကမ်းခြေ ဖြစ်စေရေး၊ ငွေဆောင်ကမ်းခြေသန့်ရှင်း သာယာလှပစေရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲစေရေး စုပေါင်းသန့်ရှင်းရေး လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းတွင် ငွေဆောင်မြို့နယ် အုပ်ချုပ်ရေးမှူး၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ငွေဆောင်ရုံးခွဲ တာဝန်ခံနှင့် ဝန်ထမ်းများ၊ ဟိုတယ်ဇုန် အထွေထွေမန်နေဂျာများ၊ ဟိုတယ်ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ကမ်းခြေသန့်ရှင်းလှပစေရေး အထောက်အကူပြုအဖွဲ့များ၊ ဈေးဆိုင်ပိုင်ရှင်များနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၁၀ဝ) ဦးခန့် ပူးပေါင်းပါဝင်ကာ ငွေဆောင်ကမ်းခြေ Sunny Paradise Hotel ကမ်းခြေဆင်းလမ်း ကမ်းခြေတစ်လျောက်နှင့် ချစ်သူများကျွန်း ကမ်းခြေရှိ စွန့်ပစ်အမှိုက်များကို ကောက်ယူ၍ စုပေါင်း သန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။
MDN


