ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ် စားလှယ်နှင့်တွေ့ဆုံ

နေပြည်တော် ၁၃ ဇူလိုင်

ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းသည် ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener နှင့် ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ ရှိ ဧည့်ခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ငြိမ်းချမ်းရေးဆိုင်ရာလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်းချင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးနိုင်ငံလင်း၊ ဦးအောင်စိုး၊ အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေ၊ အထောက်အကူပြု အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

(သတင်းစဉ်)