ငြိမ်းချမ်းရေးခရီးစဉ် သင်္ဘောကြီး ရန်ကုန်မြို့သို့ ရောက်ရှိ

မြန်မာနိုင်ငံ ခရစ်ယာန် မိတ်သဟာယအဖွဲ့၏ ငြိမ်းချမ်းရေးတွဲလက်များ မြစ်ဧရာသင်္ဘောကြီးသည် ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ ကျန်းမာရေးဆိပ်ကမ်းသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မြစ်ဧရာသင်္ဘောကြီးအား လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ လူမှုရေးအဖွဲ့အစည်းများ၊ ပြည်သူများနှင့်  ကျောင်းသား ကျောင်သူများက လှိုက်လှဲစွာ ကြိုဆိုခဲ့ကြသည်။

 

ဆက်လက်၍ ငြိမ်းချမ်းရေးတွဲလက်များ အဖွဲ့သည် ကျန်းမာရေးဆိပ်ကမ်းမှ ပန်ဆိုးတန်း  လမ်းတစ်လျှောက် ငြိမ်းချမ်းရေးဆိုင်ဘုတ်များ ကိုင်ဆောင်ကာ မြို့တော်ခန်းမရှေ့သို့ အရောက်တွင် ငြိမ်းချမ်းရေး တေးသံသာများ သီဆိုခဲ့ကြကြောင်း သိရသည်။

 

အောင်မြင့် (ပြန်/ဆက်)