အောင်လံ ၂၇ မေ
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်အတွင်းရှိ ဖူးစားပြောင်း အဓိကစိုက်ပျိုးရာပြလို့ တိုက်နယ် ထောက်ကြံတိုင်းကျေးရွာအုပ်စုမှ တောင်သူများအား ဖောငမြှောင်တောင် ကာကွယ်နှိမ်နင်းနည်းပညာများနှင့် ဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်း နည်းစနစ် IPM အကြောင်းပညာပေးဆွေးနွေးခြင်းများကို မေ ၂၆ ရက်နေ့ မွန်းလွဲ(၂)နာရီက ကျေးရွာဓမ္မာရုံတွင်ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်းမြင့်ဦးက ဖောလ်ငမြှောင်တောင်အကြောင်း သိကောင်းစရာများနှင့် IPMအကြောင်း ရှင်းလင်းဆွေးနွေးဟောပြောကာ ဒုလက်ထောက်ဦးစီးမှူး ဒေါ်အေးအေးသိမ့် နှင့် ဒေါ်သင်းသင်းနွယ်တို့က GAP စနစ်အကြောင်းရှင်းလင်းဆွေးနွေးကြပြီး မိုးနှမ်းGAP စိုက်ပျိုးမည့်တောင်သူများအား ပညာပေးစာစောင်နှင့် GAP လျှောက်လွှာများ ပေးအပ်ခဲ့ကြောင်းကြောင်းနှင့် နံနက်ပိုင်းကလည်း မအူခုံကျေးရွာတွင်ယင်းကဲ့သို့ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
သိန်းလွင်(အောင်လံ)


