ငဖဲ  ၂၁ ဧပြီ           

မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ကျေးလက်နေပြည်သူများ ကျန်းမာရေး အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် ငှက်ဖျားရောဂါများ မဖြစ်ပွားစေရေး အသိပညာပေးဟောပြောပွဲနှင့် တာရှည်ခံ ဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေခြင်းကို ဧပြီ ၂၀ ရက်က မြို့နယ် အတွင်းရှိ ကျေးရွာများတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ထို့သို့ အသိပညာပေး ဟောပြောရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မြို့နယ်ငှက်ဖျားတိုက်ဖျက်ရေးဌာနခွဲမှ ပဒါန်းကျေးရွာ၊ ရင်းရှည်ကျေးရွာ၊ သာစည်ကျေးရွာ၊ ကွက်သစ်အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂၅) သစ်စက်တို့တွင် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

 

222

 

ဟောပြောပွဲတွင် ငဖဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထင်ကျော်နှင့် မြို့နယ်ငှက်ဖျားတိုက်ဖျက်ရေးဌာနမှ ဦးအောင်နိုင်ဦးတို့က တာရှည်ခံ ဆေးစိမ်ခြင်ထောင်၏ အာနိသင်များ၊ ခြင်ထောင်သုံးစွဲခြင်းဖြင့် ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါနှင့် ဆင်ခြေထောက်ရောဂါများမှ ကာကွယ်ခြင်းနှင့် အပူဒဏ်အန္တရာယ် ကာကွယ်ရေးနှိုးဆော်ချက်များကို ကျန်းမာရေး အသိပညာပေးဟောပြောခဲ့သည်။

 

111

 

ထို့နောက် Global Fund အထောက်အပံ့ဖြင့် ပေးပို့သော ဆေးစိမ်ခြင်ထောင်များကို ပဒါန်းကျေးရွာတွင် ၃၀၁၇ လုံး၊ အမှတ်(၂၅) သစ်စက်တွင် ၁၇၂ လုံး၊ ရင်းရှည်ကျေးရွာတွင် ၈၃၃ လုံးနှင့် သာစည်ကျေးရွာတွင် ၁၇၆ လုံး စုစုပေါင်း ၄၁၉၈ လုံးကို ကျေးရွာပြည်သူများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

မယု(ငဖဲ)