နေပြည်တော် ၂၂ ဖေဖော်ဝါရီ

 

ဧရာဝတီတိုင်းဒေသကြီ၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ အလယ်စုကျေးရွာနေ မောင်ဟိန်းဇေမင်း (၁၂)နှစ်နှင့် မတင်တင်နိုင် (၄၄)နှစ်ပါ ၂၈ ဦးသည် ဖေဖော်ဝါရီ ၂၀ ရက် ည ၉ နာရီခွဲက အဆိုပါ ကျေးရွာမင်္ဂလာဆောင်၌ ကျွေးမွေးသည့် ဝက်သား၊ ချဉ်ပေါင်ဟင်း၊ ရေခဲမုန့်တို့အား စားသုံးပြီး အော့အန်/ဝမ်းလျှောခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

အဆိုပါအဆိပ်သင့်သူများအား မကျီးပင်တိုက်နယ် ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဖေဖော်ဝါရီ ၂၁ ရက် ညနေ ၅ နာရီ အဆိုပါလူနာ ၂၈ ဦးအနက် မောင်ဟိန်းဇေမင်းပါ ၁၉ ဦးသည် ပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံမှဆင်းခဲ့ကြောင်း၊ မတင်တင်နိုင်ပါ ၉ ဦးသည် ဆေးရုံ၌ ဆက်လက်ဆေးကုသမှု ခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

 

MDN

Source: ရဲပြန်ကြား