နေပြည်တော် ၂၃ ဒီဇင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ အုတ်ရှစ်ကလေးကျေးရွာနေ မ---၏ နေအိမ်၌ ဒီဇင်ဘာ ၂၂ ရက် နံနက် ၁၀နာရီက ကျွေးမွေးလှူဒါန်းသည့် ခေါက်ဆွဲကြော်အား စားသုံးမိသူ ရွာသား ၁၂၀ ခန့်သည် အော့အန်နေသဖြင့် ငပုတောမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့သည်။

စစ်ဆေးတွေ့ရှိချက်အရ ၎င်းတို့သည် ပိုးသတ်ဆေး အလွန်အကျွံ သုံးစွဲထားသည့် ဂေါ်ဖီထုပ်အား ရေစင်ကြယ်အောင် မဆေးဘဲ စားသုံးမိ၍ အစာအဆိပ်သင့်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

(ရဲပြန်ကြား)