ငါးသိုင်းချောင်း  ၂၅   မတ် 


ပုသိမ်ခရိုင် ငါးသိုင်းချောင်းမြို့၊ သာသနာ့ဗိမာန်သိမ်တော်ကြီးတွင် နွေရာသီကျောင်းပိတ်ရက်၌ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ သင်တန်းများကို ၂၀၁၆ ခုနှစ်မှ စတင်၍ နှစ်စဉ်ဖွင့်လှစ် သင်ကြားပေးလျက်ရှိရာ ယနေ့တွင် စတုတ္ထအကြိမ်မြောက် စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါ သင်တန်းကို ငါးသိုင်းချောင်းမြို့ မဂ္ဂင်ရိပ်သာ ပညာဒါနကျောင်းဆရာတော်နှင့် အလင်းတန်း ပရဟိတအဖွဲ့တို့က နှစ်စဉ်စီစဉ် ကျင်းပပေးခြင်းဖြစ်ပြီး ယခုနှစ်တွင် အလယ်တန်းနှင့် မူလတန်းကျောင်းသား ကျောင်းသူ(၁၆၃)ဦး တက်ရောက်သင်ကြားလျက်ရှိရာ အခြေခံ အငယ်တန်း အဆင့်နှင့် အလယ်တန်းအဆင့် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ သင်ခန်းစာများကို ပို့ချပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းကာလမှာ ၁၀ ရက် ကြာမြင့်မည်ဖြစ်ပြီး တတ်မြောက်မှု စစ်ဆေးခြင်း၊ သင်တန်းဆင်း လက်မှတ်ပေးအပ်ခြင်းနှင့် ထူးချွန်ဆုများကိုလည်း သင်တန်းကျင်းပရေး အဖွဲ့မှ ရွေးချယ်ချီးမြှင့်ပေးသွားရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။


စိုးမင်းဦး(ပြန်/ဆက်)