ငါ့သရောက်  ၂၇  မတ်  


ညောင်ဦးခရိုင် ငါ့သရောက်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးမိုး ဦးဆောင်သော ဝန်ထမ်းများသည် ယနေ့ နံနက် ၁၀ နာရီက အမှတ်(၁)မြောက်ကုန်းရပ် ဓမ္မစကူးလ် သင်တန်းကျောင်းသို့ စာဖတ်ဝိုင်း ပြုလုပ်ခြင်းနှင့် နံရံကပ်စာစောင် ပြသခြင်းများ နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

1


ရှေးဦးစွာ ငါ့သရောက်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးမိုးက စာဖတ်ဝိုင်း ပြုလုပ်ပေးရခြင်း ရည်ရွယ်ချက်များအား ရှင်းပြသည်။ ထို့နောက် ဓမ္မစကူးလ် ကျောင်းသား ကျောင်းသူများအား ပါရှိလာသည့် စာအုပ်များဖတ်စေပြီး မိမိတို့ဖတ်ပြီး မှတ်ထားသည့် အကြောင်းအရာများအား အပြန်အလှန် ဆွေးနွေးကြသည်။


ပြီးနောက်နိုင်ငံတော်အကြီးအကဲများ၏  ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ ပြသရာ  ဓမ္မစကူးလ် ကျောင်းသား ကျောင်းသူများ  စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။


မောင်မောင်ထိန်(ကျောက်ပန်းတောင်း)

 

1