နေပြည်တော် ၂ ဧပြီ

             

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက နှစ်စဉ်ကျင်းပမြဲဖြစ်သော ၂၀၁၉ ခုနှစ်၊ နိကာယ်စာမေးပွဲကို ၁၃၈၁ ခုနှစ်၊ နယုန်လဆန်း ၁ ရက်မှ နယုန်လဆန်း ၅ ရက်အထိ ဇွန် ၃ ရက် မှ ၇ ရက်အထိ  ၅ ရက်တိုင်တိုင် သတ်မှတ်ထားသည့် စာဖြေဌာနများ၌ တစ်ပြိုင်နက်တည်း ကျင်းပမည်ဖြစ်ပါသဖြင့် ဖြေဆိုရမည့် ကျမ်းစာအလိုက် သတ်မှတ်ထားသော ရက်အတိုင်း နေ့စဉ် မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီအထိ ဖြေဆိုခွင့်ပြုမည်ဖြစ်သည်။

           

စာမေးပွဲအချိန်စာရင်းများကို သက်ဆိုင်ရာ မြို့နယ်သံဃနာယကအဖွဲ့များသို့ ဆက်လက်ပေးပို့မည်ဖြစ်ကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။

 

(သတင်းစဉ်)