၁၉ မတ်

 

အီဂျစ်၊ အီရန် နှင့် ဥရောပနိုင်ငံအများစုမှ ခရီးသွားများ ဆိုက်ရောက်လာပါက စနေနေ့မှစတင်ကာ သီတင်းပတ်နှစ်ပတ်ကြာ သီးခြားနေထိုင်ကြရန် ဂျပန်အစိုးရက ပြောကြားခဲ့သည်။

 

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို တိုက်ဖျက်ရန် အစိုးရအဖွဲ့အစည်းအဝေး ပြုလုပ်ကာ ယင်းသို့လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

 

ဥရောပအဖွဲ့ဝင် ၂၇ နိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၃၈ နိုင်ငံမှ ဆိုက်ရောက်လာသူများအား ဟိုတယ်နှင့်နေအိမ်များကဲ့သို့သော သတ်မှတ်နေရာများတွင် ရက်သတ္တပတ်နှစ်ပတ်ကြာ သီးခြားနေထိုင်ကြရမည်ဟု အစိုးရက ဆိုသည်။

 

အများပြည်သူ သယ်ယူပို့ဆောင်ရေးတွင် အသုံးပြုခြင်းမှလည်း ရှောင်ကြဉ်ရမည်ဟု ၎င်းတို့က ဆိုသည်။ထိုစီမံချက်သည် ဧပြီလကုန်ပိုင်းအထိ ဆက်လက်တည်ရှိမည် ဖြစ်သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို