နိုင်ငံရေးဆွေးနွေးမှု ပုံသဏ္ဌာန်မူဘောင် ဘယ်လိုပုံစံနဲ့ ပြင်ဆင်ပြောင်းလဲမလဲဆိုတဲ့ မူပိုင်းဆိုင်ရာကိစ္စတွေကို ဆွေးနွေးဖို့ရှိတယ်

ဟန်မွှေးသန့်
ဓာတ်ပုံ- ထန်းဖုန်

 

အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲကို နေပြည်တော်တွင် ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ရန် အောက်တိုဘာလ ၁၂ ရက်နေ့တွင် ရောက်ရှိလာကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ မေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။

 

 

ဦးခွန်မြင့်ထွန်း(ဒုတိယဥက္ကဋ္ဌ)
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO)

 

ကျွန်တော်တို့ အဓိက ဆွေးနွေးမှာ ကတော့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ တစ်ဆို့နေတဲ့ကိစ္စတွေရှိတယ်။ ဒီဟာ တွေကို ဘယ်လိုကျော်လွှားမလဲဆိုတာ ရယ်၊ နောက်တစ်ခုက ပြီးခဲ့တဲ့ တတိယ ပင်လုံမှာ သဘောတူထားခဲ့တဲ့အတိုင်း ကျွန်တော်တို့အားလုံး သန္နိဋ္ဌာန်ပြုခဲ့ ကြတာရှိပါတယ်။ အဲဒါကတော့ ၂ဝ၁၈ ခုနှစ်မှာ နောက်ထပ်တစ်ကြိမ်၊ ၂ဝ၁၉ ထဲမှာ နှစ်ကြိမ် စုစုပေါင်း သုံးကြိမ် ညီလာခံကျင်းပပြီးတော့ ဒီကာလ အတွင်းမှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ် ဆိုင်ရာ အခြေခံရရှိရေးကို ဦးတည်ပြီး ဆောင်ရွက်မယ်ဆိုတာ ကျွန်တော်တို့ သဘောထားကို ဆန္ဒပြုထားကြတာ ရှိတယ်။ အဲဒါကိုလည်း အကောင် အထည်ဖော်ဖို့၊ ဒီငြိမ်းချမ်းရေးဖြစ်စဉ် မှာ တစ်ဆို့နေတဲ့ ကိစ္စတွေဆိုရင် ဆုံးဖြတ် နိုင်တဲ့ လူတွေအကြားမှာ ဆုံးဖြတ်ချက် ချပေးနိုင်ဖို့ကို ဆွေးနွေးမှာပါ။ 

 

အခုလို တွေ့ဆုံတာကိုက ကျွန်တော် တို့တိုင်းပြည်အတွက် အများကြီး ကောင်းတဲ့ရလဒ်ဖြစ်ပါတယ်။ ဆွေးနွေး တဲ့ရလဒ် အဖြေမထွက်သေးသည် ဆိုစေကာမူ အခုလိုအဆင့်မျိုး တွေ့ဆုံ ပြီးတော့ ဆုံးဖြတ်တဲ့အပေါ်မှာ အစိုးရ ဘက်ရော၊ တပ်မတော်ဘက်ကရော ခေါင်းဆောင်ကြီးတွေ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆွေးနွေးတယ်ဆိုက အင်မတန် ကောင်းတာဖြစ်ပါတယ်။ 

 

 

ဒေါ်စောမြရာဇာလင်း
(ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်)
ရခိုင်လွတ်မြောက်ရေးပါတီ (ALP)

 

အဓိကထားပြီး မျှော်လင့်တာက တစ်ဆို့နေတဲ့ အချက်ကြီးတွေပါ။ ရှေ့ကို မျှော်လင့်ချက်တွေလည်း အများကြီး ရှိပါတယ်။ ဒီ တစ်ဆို့နေတဲ့အချက်တွေ ပြီးသွားရင် နိုင်ငံတော်ကို ဘယ်လို တည်ဆောက်မလဲဆိုတဲ့ စဉ်းစားချင်တဲ့ ဆန္ဒရှိပါတယ်။ အဓိက တစ်ဆို့နေတာ ကတော့ ခွဲမထွက်ရဆိုတဲ့ကိစ္စတွေ ရှိပါတယ်။ ပြီးရင် တိုင်းရင်းသားတွေ အားလုံး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့် အရေးတွေက ဘယ်လိုရမလဲဆိုတာ တွေကို အဓိကထား ဆွေးနွေးချင်ပါ တယ်။ အစိုးရဘက်က ဘယ်လောက်ထိ လျှော့ပေးနိုင်မလဲ၊ ကျွန်မတို့ဘက်က ဘယ်လောက်ထိ လျှော့ပေးနိုင်မလဲ ဆိုတာပါ။ အပြန်အလှန် ညှိနှိုင်းမှုနဲ့ပဲ အဖြေရှာရတာဖြစ်ပါတယ်။ အဲဒါကြောင့် ကိုယ်ကပဲ နိုင်ရမယ်ဆိုတာလည်း မမျှော် လင့်ပါဘူး။ နှစ်ဖက်စလုံးကWin-Win ကိုပဲ မျှော်လင့်တာရှိပါတယ်။ 

 

အဲဒါကြောင့် အခုလို တွေ့ဆုံ ဆွေးနွေးဖို့အတွက် အဓိက ကြိုးစား တာက EAO ဖြစ်ပါတယ်။EAO ကနေ ပေးလိုက်တဲ့ Proposal ကို အစိုးရက ဝမ်းပန်းတသာ လက်ခံကြိုဆိုတဲ့အပေါ် မှာ ကျွန်မတို့တွေအနေနဲ့လည်း ဒီနေရာ ကို ရောက်လာဖို့အတွက် အကြိတ် အနယ်ကြိုးစားပြီးတော့ လာခဲ့ရတာ ဖြစ်ပါတယ်။ ကျွန်မတို့ ဒီလိုလာရခြင်း ဟာ ပြည်သူလူထုတစ်ရပ်လုံးရဲ့ မျက်နှာ ကို ကြည့်တာပါ။ တိုင်းပြည်ရဲ့ မျက်နှာ ကို ကြည့်တာပါ။ ကိုယ်ပိုင်အတ္တတရား တွေကို ရှေ့တန်းမတင်ပါဘူး။ အများ ကောင်းစားရေးအတွက်ကိုပဲ ကြိုးစား ပြောမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့လာခဲ့တာ ဖြစ်ပါတယ်။ 

 

 

 

ဦးမျိုးဝင်း (ဒုတိယဥက္ကဋ္ဌ)
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)

 

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက်လက် ဖော်ဆောင်နိုင်ဖို့အတွက် အဓိက ကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အခက်အခဲလေးတွေရှိနေတဲ့ အနေ အထားလေးတွေကို ဖြေရှင်းနိုင်ဖို့အတွက် ပြီးခဲ့တဲ့ ပင်လုံညီလာခံမှာကတည်းက ကျွန်တော်တို့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင် တွေနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပြီးတော့ မှ ညှိနှိုင်းထားတဲ့ အချက်တွေရှိပါတယ်။ အဲဒါက ပင်လုံအစည်းအဝေးတွေကို ဘယ်လိုဆက်လက် ကျင်းပသွားမယ်။ ပင်လုံအစည်းအဝေးတွေမှာ ကျွန်တော် တို့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီအခြေခံ မူတွေရရှိအောင် ကြိုးပမ်းသွားမယ်ဆိုတဲ့ သဘောထားတွေရှိပါတယ်။ 

 

ပြီးခဲ့တဲ့ ပင်လုံညီလာခံမှာလည်း ထုတ်ပြန်ကြေညာချက်တွေနဲ့ ထုတ်ပြန် ထားတာရှိတယ်။ ဒါတွေရရှိအောင် ဘယ်လိုဆောင်ရွက်သွားမလဲ၊ နိုင်ငံရေး ဆွေးနွေးပွဲမှာလည်း အခက်အခဲဖြစ် နေတဲ့အပိုင်းက အခြေခံမူတွေရှာဖို့ အတွက်ဆိုတဲ့ နေရာမှာလည်း ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ ခွဲမထွက်ရေးကိစ္စနဲ့ပတ်သက် ပြီး နည်းနည်း အခက်အခဲဖြစ်နေတဲ့ ဟာလေးတွေရှိတယ်။ လုံခြုံရေးကဏ္ဍမှာဆိုရင်လည်း တစ်ခုတည်းသော တပ်မတော်ကိစ္စ၊ အဲဒီလိုမျိုး အခက်အခဲ ဖြစ်နေတဲ့ နိုင်ငံရေးပိုင်းဆိုင်ရာ ကိစ္စလေး တွေအတွက် ကျွန်တော်တို့ ဆွေးနွေး ဖြေရှင်းဖို့ရှိတယ်။

 

နောက်တစ်ခုက အားလုံးသိတဲ့ အတိုင်းပဲ နိုင်ငံရေးဆွေးနွေးပွဲကို ကျွန်တော်တို့ တိုင်းပြည်အခြေအနေနဲ့ ကိုက်ညီတဲ့ ပုံသ္ဌာန်ဖြစ်အောင် ကြိုးပမ်းကျင်းပနေတာပဲ။ ဒါပေမယ့် ဆွေးနွေးမှုပုံသ္ဌာန်မှာလည်း နည်း နည်း အခက်အခဲရှိတယ်။ ဆုံးဖြတ် ချက်ချတဲ့ပုံ္ဌာန်မှာလည်း နည်းနည်း အခက်အခဲရှိတယ်။ နိုင်ငံရေးဆွေးနွေး မှု ပုံသ္ဌာန်မူဘောင် ဘယ်လိုပုံစံနဲ့ ပြင်ဆင်ပြောင်းလဲမလဲဆိုတဲ့ မူပိုင်း ဆိုင်ရာကိစ္စတွေကို ဆွေးနွေးဖို့ ရှိတယ်။ 

 

နောက်ဆုံးကတော့ အားလုံး သိတဲ့အတိုင်းပဲ ငြိမ်းချမ်းရေးဆွေးနွေး ပွဲမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ၊ ပါဝင်သင့်ပါဝင် ထိုက်တဲ့ တိုင်းရင်းသားအဖွဲ့အစည်း တွေပါဝင်နိုင်ဖို့အတွက် ကျွန်တော်တို့ ဘက်က ညှိနှိုင်းဆွေးနွေးသွားဖို့ ရှိတယ်။ အဲဒါကတော့ အားလုံးနှစ်ဖက် သဘောတူထားတဲ့ အစီအစဉ်တွေ ဖြစ်ပါတယ်။

 

 

 

နိုင်အောင်မငေး (ဗဟိုကော်မတီဝင်)
မွန်ပြည်သစ်ပါတီ (NMSP)

 

ဒီလိုမျိုး တစ်ခါမှ ထိပ်ပိုင်း ခေါင်းဆောင်တွေ မတွေ့ဆုံဖူးဘူး။ ဒီတစ်ခါ ရလဒ်ကောင်းတစ်ခုတော့ ရအောင် ဆွေးနွေးကြမယ်။ စားပွဲဝိုင်း တစ်ခုထဲမှာ ထိပ်သီးခေါင်းဆောင်တွေ တွေ့ကြမယ်။ သူတို့အနေနဲ့တွေ့ဆုံပြီး ရှေ့အနာဂတ် ပြည်ထောင်စုတစ်ခုလုံးကို ဘယ်လိုပုံဖော်မလဲဆိုတာကို ဆွေးနွေး ကြမယ်။ ခေါင်းဆောင်တွေအနေနဲ့ အပြန်အလှန်ယုံကြည်မှုနဲ့ ဘယ်လို တည်ဆောက်မယ်ဆိုတာကိုတော့ တွေ့ ကြရင် ပုံပေါ်လာမှာပါ။ ကျွန်တော်တို့က တော့ လာပြီးပြင်ဆင်တဲ့ အစုအဖွဲ့အဖြစ် ဆိုတော့ တိကျတဲ့အဖြေတွေကတော့ ခေါင်းဆောင်တွေ တွေ့မှပဲ သေချာမှာပါ။ အခုကတော့ NCA ထိုးပြီး သုံးနှစ်တာ ကာလရောက်ပြီ။ ဒီသုံးနှစ်တာမှာ အခုလိုမဆုံဖူးတဲ့အခွင့်အရေးကို ရလာ ခဲ့တယ်။ ဒီလိုရလာတဲ့ အခွင့်အရေးကို ခေါင်းဆောင်တွေအနေနဲ့ သေသေ ချာချာ အသုံးချနိုင်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်တယ်။ ဒီလိုတွေ့ကြ တဲ့အတွက် ကျေနပ်ပျော်ရွှင်မိပါတယ်။ တိုင်းရင်းသားအဖွဲ့တွေ အားလုံးပါသင့် တယ်။ အားလုံးပါလာအောင်လည်း သူတို့နဲ့ တွေ့ဆုံဆွေးနွေးပြီး ပြောကြား တယ်။ သူတို့အနေနဲ့ တိုက်ရိုက်မပါ ခဲ့ရင်လည်း ရသမျှဆက်သွယ်နိုင်တဲ့ နည်းလမ်းတွေနဲ့ ဆက်သွယ်ပြီးတော့ indirectနည်းလမ်းနဲ့ သူတို့ဖြစ်ချင်တဲ့ ဆန္ဒရယ်၊ အခုသွားနေတဲ့ လမ်းကြောင်း ပေါ်မှာ သူတို့ဘယ်လိုပါဝင်လာမလဲ ဆိုတာ၊ အဓိက All Inclusive အနေ နဲ့ နိုင်ငံ့ခေါင်းဆောင်တွေလည်း ပြောကြ မှာပါ။ တွေ့ဆုံပွဲအစီအစဉ် အသေးစိတ် ကတော့ ညှိနှိုင်းနေတယ်။ မနက်ဖြန် အစည်းအဝေးထပ်လုပ်ပြီး တွေ့ဆုံ ညှိနှိုင်းကြဦးမှာပါ။