၂၅ ဖေဖော်ဝါရီ
နိုင်ငံရေးပြိုကွဲပြီးနောက် တီမောလက်စ်တီ ဝန်ကြီးချုပ် တာမာတန်ရော့ခ်သည် ရာထူးမှ နှုတ်ထွက်ခဲ့သည်ဟု အင်ဒိုနီးရှား မီဒီယာက ယနေ့ ဖော်ပြခဲ့သည်။
ပါလီမန်တွင် ၎င်းကိုထောက်ခံသည့် ညွန့်ပေါင်းအစိုးရ ပြိုကွဲခဲ့ပြီးနောက် အရှေ့တောင်အာရှနိုင်ငံသည် နိုင်ငံရေးမတည်ငြိမ်မှုနှင့် ရင်ဆိုင်နေရသဖြင့် ယင်းဝန်ကြီးချုပ် ရာထူးမှနှုတ်ထွက်စာတစ်စောင်ကို သမ္မတထံသို့ ယနေ့ ပေးပို့ခဲ့သည်ဟု ဂျကာတာပို့စ် ဖော်ပြချက်အရ သိရသည်။
တာမာတန်ရော့ခ်သည် သမ္မတ ဖရန်စ္စစ်ကို ဂူတာရတ်စ် နှင့် တွေ့ဆုံပြီးနောက် သမ္မတထံသို့ နှုတ်ထွက်စာ ပေးပို့ခဲ့ကြောင်း သတင်းထောက်များကို ၎င်းက ပြောကြားခဲ့သည်။
တာမာတန်ရော့ခ်က ၎င်း၏နှုတ်ထွက်စာကို လက်ခံပြီးသည်အထိ ရုံးတွင်နေထိုင်မည် ဟု ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


