ကမ္ဘာ့ကူးစက်ရောဂါဖြစ်သည့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါအသစ် ကူးစက်မှုကို ကာကွယ်ရန်အတွက် ခရီးသွားလာခြင်းနှင့်ပတ်သက်ပြီး အမြင့်ဆုံးအဆင့် သတိပေးချက်တစ်ရပ်ကို နယူးဇီလန်အစိုးရက ယနေ့တွင် ထုတ်ပြန်ခဲ့သည်။
နယူးဇီလန်အစိုးရအနေဖြင့် နိုင်ငံခြားသားများအား ပြည်ပသို့ သွားရောက်ခြင်းမပြုရန် ပထမဆုံးအကြိမ် ပြောကြားခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် ပြည်ပတွင်ရောက်ရှိနေသည့် နိုင်ငံသားများအနေဖြင့် မိမိတိုင်းပြည်သို့ ချက်ချင်း ပြန်လာကြမှုမျိုးကို စဉ်းစားသင့်ကြောင်း တိုက်တွန်းထားသည်။
နိုင်ငံရပ်ခြားတွင် နေထိုင်သူများအတွက် ဒေသန္တရဆိုင်ရာ အခြေအနေများနှင့် အကောင်းဆုံးဖြစ်နိုင်သည့် လုပ်ဆောင်မှုများပြုလုပ်ကြရန် တောင်းဆိုလိုက်ခြင်းဖြစ်သည်။
နယူးဇီလန်နိုင်ငံနှင့် အိမ်နီးချင်းဖြစ်သည့် ဩစတြေးလျနိုင်ငံမှလည်း နိုင်ငံသားများအား နိုင်ငံရပ်ခြားသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ကြရန် ယမန်နေ့က အကြံပြုထားသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်


