သန့်ဇင်ဝင်း

မြန်မာနိုင်ငံအနှံ့အပြားရှိ ဒေသများမှ ထွက်ကုန်အမျိုးမျိုးကို တစ်ဒေသမှ တစ်ဒေသသို့ ကူးလူးဖလှယ်ကာ ရောင်းဝယ်မှုပြုလုပ်ရာ ပွဲရုံ၊ ကုန်စည်ဒိုင်များနှင့် အနယ်နယ်အရပ်ရပ်မှ ကုန်တင်ယာဉ်ကြီးများ တစ်ထောက်ယာဉ်ရပ်နားပြီး မြို့နယ်အနှံ့အပြားသို့သာမက နယ်စပ်ဂိတ်များအထိ ကုန်စည်များစီးဆင်းရာ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ ဘုရင့်နောင်ပွဲရုံနှင့် ကုန်တင်ယာဉ်ရပ်နားစခန်းကြီးတွင် ဒေသထွက်ကုန်အမျိုးမျိုးကို သယ်ယူပို့ဆောင်ပေးနေသည့် ကုန်တင်ယာဉ်ကြီးများ အစီးရေ ၆ဝဝ မှ ၈ဝဝ အထိ နေ့စဉ်ဝင်ထွက်သွားလာ ရပ်နားလျက်ရှိသည်။

 

အဆိုပါ ဘုရင့်နောင်ပွဲရုံနှင့် ကုန်တင် ယဉ်ရပ်နားစခန်းကြီးမှာ ၇၅ ဒသမ၂ ဧကန့် ကျယ်ဝန်းပြီး ကုန်စည်ဒိုင်နှင့် တိုင်းဒေသကြီး နှင့်ပြည်နယ်များမှ မြို့များသို့ သယ်ယူ ပို့ဆောင်ပေးနေသည့် ပြည်တွင်းကုန်စည် ပို့ဆောင်ရေးက ဂိတ်ပေါင်း ၃၀ ကျော်ရှိရာ အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီး ပေးထားလျက်ရှိသည့်အပြင် နှစ်စဉ် အခွန်အကများကိုလည်း ရှာဖွေပေးလျက်ရှိသည်။ ဘုရင့်နောင် ယာဉ်ရပ်န၁ခန်းရှိ လမ်းများ၏ အမည်များကို ပိတောက်လမ်း၊ စိန်ပန်းလမ်း ငါးလ၊ ကံ့ကော်လမ်း စသဖြင့် ပန်းအမျိုးမျိုးတို့၏ အမည်များကို ပေးထားသည်မှာလည်း စီးပွားရေးကို ဖူးပွင့်ဆာစေမည့် အတိတ်နိမိတ်ကို ဆောင်နေပါသည်။

မြန်မာနိုင်ငံအဝေးပြေး ကုန်စည်ပို့ဆောင်မှုလုပ်ငန်းရှင်များအသင်းတွင် အဖွဲ့ဝင်ပေါင်း ၆၀၀ ကျော်ရှိပြီး ကုန်တင်ကကြီးပေါင်း ၆၀၀၀၀ ကျော်ရှိကြောင်း ယင်းသင်း ဥက္ကဋ္ဌ၏ ပြောကြားချက်အရ သိရသည်။

အဝေးပြေး ကုန်စည်ပို့ဆောင်မှုလုပ်ငန်းရှင်များ အသင်းရုံးများကို ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းသကြီး၊ စစ်ကိုင်းတိုင်ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီးတို့တွင် ဖွဲ့စည်းထားကြောင်း သိရသည်။

 

ဟန်ချက်ညီစွာ ကြပ်မတ်ဆောင်ရွက်

ဘုရင့်နောင်ပွဲရုံနှင့် ကုန်တင်ယဉ်ရပ်နားစခန်းအတွင်း ကုန်တင်ယာဉ်ရပ်နားစခန်းကားကြီးဝင်း(၁)နှင့် ကုန်တင်ယာဉ်ရပ် စခန်းကားကြီးဝင်း (၂)ဟူ၍ရှိပြီး ရန်ကုန်တိုင်းဒေသကြီး စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ ဘဏ်များ၊ စားသောက်ဆိုင်ငယ်များ ကုန်သည်ကြီးများတည်းခိုနိုင်ရန် ဘုရင့်နောင်ဟိုတယ်။ ကုန်စည် ပို့ဆောင်ရေအိတ်များရှိကာ နိစ္စဓူဝ စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူများဖြင့် သက်ဝင်လှုပ်ရှားနေကြပြီး ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၏ ဘုရင့်နောင်ပွဲရုံနှင့် ကုန်တင်ယာဉ်ရပ်နားစခန်း ကွပ်ကဲမှုရုံး၊ မြန်မာနိုင်ငံ အဝေးပြေး ကုန်စည်ပို့ဆောင်မှုလုပ်ငန်းရှင်များအသင်းရုံး၊ ဘုရင့်နောင်ပွဲရုံ သာယာလှပရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တို့က နေ့စဉ်ဟန်ချက်ညီစွာ ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။

ဘုရင့်နောင်ပွဲရုံနှင့် ကုန်တင်ယာဉ်ရပ်နား စခန်းကြီးသည် မရမ်းကုန်းမြို့နယ် ဘုရင့်နောင်လမ်းကြီး လှိုင်မြစ်နှင့် ရိုးကြီးချောင်းတို့ဆုံရာ ထောင့်တွင်တည်ရှိသဖြင့် မြိတ်၊ ကော့သောင်း၊ ဖျာပုံ၊ စစ်တွေမြို့များသို့ ကမ်းရိုး တန်းသွား ကုန်တင်ရေယာဉ်များဆိုက်ကပ်ရာ ဘုရင့်နောင်ဆိပ်ကမ်းနှင့်လည်း ထိစပ်လျက်ရှိ၍ ကုန်စည်များဖလှယ်ရာတွင် ပိုမိုအချက် အချာကျလျက်ရှိသည်။

SME လုပ်ငန်းတွေဖြစ်လို့ ရပ်လို့မရ

“ကုန်စည်ပို့ဆောင်ရေးဂိတ်တွေမှာ ယာဉ်မောင်းတွေ၊ ဝန်ထမ်းတွေရှိတော့ တစ်ဂိတ်မှာ လူ ၃ဝ လောက်ရှိတယ်၊ ကျွန်တော်တို့က SME လုပ်ငန်းတွေဖြစ်လို့ ရပ်လို့မရဘူး။ ကုန်စည်ပို့ဆောင်ရေးရပ်ရင် အကုန်လုံးရပ်ကုန်မယ်၊ ကျွန်တော်တို့ တိုင်းပြည်က တစ်နယ်နဲ့တစ်နယ် ဒေသထွက်ကုန်ချင်း ဖလှယ်ပြီး ရောင်းချစားသုံးနေတဲ့စနစ်ကို သွားနေတာပါ။ ဘုရင့်နောင်ပွဲရုံမှာ တိုင်းဒေသကြီးနဲ့ပြည်နယ် ၁၄ ခုက ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တွေ (ကုန်ကားဂိတ်တွေ)ရှိတယ်၊ ဘုရင့်နောင်ပွဲရုံ သာယာလှပရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကနေ ကိုဗစ် ကာလမှာ နယ်ထွက်မယ့်ကားတွေကို ယာဉ်မောင်းတွေကို ကိုယ်အပူချိန်တိုင်းတယ်၊ ကျန်းမာရေးစစ်ချက် ကောင်းတယ်ဆို ဘာတွေတင်ပြီး ဘယ်ဒေသကို ဘယ်ဂိတ်က ဘယ်ယာဉ်မောင်း၊ ယာဉ်နောက်လိုက် (ဘယ်ဖုန်း နံပါတ်နဲ့)ခရီးမှတ်တမ်းကို ကျွန်တော်ထောက်ခံပေးလိုက်ပါတယ်။ ပြီးတော့ မရမ်း ကုန်းမြို့နယ်(၁)ရပ်ကွက်က အုပ်ချုပ်ရေးမှူးက ထပ်ဆင့် ထောက်ခံပြီး အမှတ်(၁)ရပ်ကွက် ဒေသန္တရကျန်းမာရေးဆရာဝန်တွေရဲ့ ထောက်ခံချက်ထပ်ယူပြီးမှ အဲဒီသုံးချက်နဲ့ ရန်ကုန်တိုင်းဒေသကြီးကနေ တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးကို သွားခွင့်ရတယ်။ အခုလောလောဆယ် မိုးတွင်းကာလမှာ ကုန်စည်ပို့ဆောင်ရေးက ပါးနေချိန်ပါ။ ကုန်စည်ပို့ဆောင်ရေး အကောင်းဆုံးအချိန်က သီတင်းကျွတ်၊ တန်ဆောင်တိုင် ပွင့်လင်းရာသီ ၁၁ လပိုင်းမှ ၅ လပိုင်းအထိ ကောင်းပါတယ်၊ ၁ဝ လ ပိုင်းလောက်ဆိုရင် ဖရဲသီးက စပေါ်တော့ တရုတ်ကိုပို့ဖို့ မူဆယ်နယ်စပ်ဘက်ကို သွားကြတယ်။ ကုန်စည်ပို့ဆောင်ရေးကားပေါတယ်၊ ရှားတယ်ဆိုတာ အဓိကက ရန်ကုန်-မူဆယ် လမ်းကြောင်းပေါ်မှာ အများ ကြီး မူတည်နေပါတယ်၊ ရခိုင်ဘက်ကို ခါတိုင်းဆို တစ်ရက်မှာ ကုန်ကားအစီးတစ်ရာထွက်တာ၊ အခု ရခိုင်တောင်ပိုင်းကိုပဲ အစီး ၄၀ လောက်ပဲ ထွက်ပါတော့တယ်” ဟု မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်မှု လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကျင်သိန်းက ပြေသည်။

ရောဂါကြိုတင်ကာကွယ်

ဘုရင့်နောင်ပွဲရုံ သာယာလှပရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ရှိသူ များက ယာဉ်ရပ်နစခန်းအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ယာဉ်ဝန်ထမ်းများ အပူချိန်တိုင်းတာခြင်း၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ပေး နေပြီး ကုန်စည်စီးဆင်းရာ လမ်းကြောင်း တစ်လျှောက်ရှိ ကုန်ဖလှယ်ရာနေရာများတွင် လုံခြုံရေးများချထားပြီး အထောက်အထားစာရွက်စာတမ်းများကို ဘုရင့်နောင် ယာဉ်ရပ်နားစခန်းအဝင်တွင် တိုက်ဆိုင်စစ်ဆေးပြီးမှ လက်ခံရပ်နားခွင့်ပြုကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဘုရင့်နောင်ပွဲရုံနှင့် ကုန်တင်ယာဉ်ရပ်နားစခန်းကွပ်ကဲမှုရုံးမှ ညွှန်ကြားရေးမှူး ဦးညိုမင်းလွင်က ပြောကြားသည်။

ကုန်စည်ဒိုင်နှင့် ဖြန့်ဖြူးပို့ဆောင်ရာ ရပ်ဝန်း

ဘုရင့်နောင်ပွဲရုံနှင့် ကုန်တင်ယာဉ်ရပ်နားစခန်းမှာ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တောင်ပေါ်၊ မြေပြန့်၊ ပင်လယ်နှင့် ကမ်းရိုးတန်း၊ မြစ်ဝကျွန်းပေါ်သေများမှ ထွက်ကုန် များဆုံစည်းရာ ကုန်စည်ဒိုင်နှင့် ဖြန့်ဖြူး ပို့ဆောင်ရာ ရပ်ဝန်းတစ်ခုပင်ဖြစ်ပြီး ကုန်စည် စီးဆင်းမှုများ စဉ်ဆက်မပြတ် လည်ပတ်ရာတိုင်းရင်းသား ညီအစ်ကို မောင်နှမများ၏ စသုံးကုန်လူသုံးကုန်အမျိုးမျိုးကို ဖလှယ်ရာနေရာ၊ လူမှု စီးပွားဖွံ့ဖြိုးရန် အထောက်  အကူပြုဇုန်ကြီးတစ်ခုအဖြစ် ပြည်သူများ၏ လိုအင်ကို မရပ်မနား ဖြည့်ဆည်းပေးလျက် ရှိပါကြောင်း....... ။

မြန်မာ့အလင်း ( ယနေ့ရန်ကုန်)