နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့ ပြန်လည်ထူထောင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

နေပြည်တော်      မေ     

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်သည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ် ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့ ပြန်လည်ထူထောင်ရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာကို သွားရောက်ကြည့်ရှုပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်က မကြာမီကျောင်းများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်၍ ကျောင်းများ ယာယီဖွင့်လှစ်နိုင်ရန် နေရာရွေးချယ်ထားကြရန်၊ သက်ဆိုင်ရာဌာနများကလည်း ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြရန်၊ ဒေသခံပြည်သူများကလည်း ကလေးများ ကျောင်းတက်နိုင်ရေး အတွက် လှုံ့ဆော်ဆောင်ရွက်ပေးကြရန် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် လုံခြုံရေးပိုင်း တာဝန်ယူရ သော အဖွဲ့များကလည်း ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးကြရန် မှာကြားသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများသည် ဆီဆိုင်မြို့ အောင်စံပြည့်လွယ်မွေစေတီတော် ကျောင်းဝင်းအတွင်း နယ်စပ်ရေးရာဦးစီးဌာနမှ တည်ဆောက်ထားသော ဆီဆိုင်မြို့ ရပ်ကွက်()ရပ်ကွက်နှင့် ကျေးရွာများကို ဖြန့်ဖြူးပေးလျက်ရှိသော ရေစုကန်အား သွားရောက် ကြည့်ရှု၍ လိုအပ်သည်များကို သက်ဆိုင်ရာ ဌာနများအားမှာကြားသည်။

 

ယင်းနာက် ဆီဆိုင်မြို့ မြို့မစျေး ပြန်လည်သန့်ရှင်းရေး ဆောင်ရွက်နေမှု၊ လျှပ်စစ်ဓါတ်အား လိုင်းကြိုးများ ပြန်လည်ပြုပြင်နေမှု၊ ဆီဆိုင်မြို့ဇဝနရာမကျောင်းတိုက်၊ မြို့ဦးရေထွက်မှ ဆိုလာစနစ်ဖြင့် ရေဖြန်ဖြူးပေးနိုင်ရန် ဆောင်ရွက်ထားရှိမှု၊ အခြေခံပညာအထက်တန်းကျောင်းတွင် မီးသတ်တပ်ဖွဲ့ဝင်များက သန့်ရှင်းဆောင်ရွက် နေမှုတို့ကို ကြည့်ရှုပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများက လုံခြုံရေးတာဝန် ထမ်းဆောင်နေသောအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များကို စားသောက်ဖွယ်ရာပစ္စည်းများ ထောက်ပံ့ပေး အပ်ကြသည်။

 

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆီဆိုင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး မြို့နယ်ပြည်သူ့ဆေးရုံတို့ကို သွားရောက်ကြည့်ရှူစစ်ဆေးပြီး ဆိုက်ခေါင်မြို့ ဇောတိကာရာမကျောင်းတိုက်တွင် သီတင်းသုံးနေသည့် ဆီဆိုင်မြို့ ဇဝနရာမကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တကောဝိဒအား သွားရောက်ဖူးမျှော် ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းနှင့် နဝကမ္မအလှူငွေများ လှူဒါန်းကြသည်။

ထို့နောက် ဆိုက်ခေါင်မြို့ ပါလောပါကယ်ကျေးရွာအုပ်စုရှိ ဇောတိကာရာမဘုန်းကြီး ကျောင်း၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်က ပြန်လည်ထူထောင်ရေးကဏ္ဍတွင် အစိုးရအဖွဲ့တစ်ခုတည်းမဟုတ်ဘဲ ပြည်သူများပါဝင်မှသာ အောင်မြင်မည်ဖြစ်ကြောင်း၊ စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးရန်နှင့် သက်ဆိုင်ရာဌာန များကလည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် ပြောကြားသည်။

 

ယင်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်က မိုင်းရှင်းလင်းရေး၊ လျှပ်စစ်မီးနှင့် ရေရရှိရေးကို ဦးစားပေး ဆောင်ရွက်ပေးကြရန်၊ ဌာနဆိုင်ရာများအားလုံးက တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ပေးကြရန် ပြောကြားပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်တို့က စားသောက်ဖွယ်ရာပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

 

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောက်တလုံးကြီးမြို့နယ် ထီလုံရပ်ကွက်နေ ပအိုဝ်းအမျိုးသား ခေါင်းဆောင် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(PNO)နာယက ဦးအောင်ခမ်းထီအား သွားရောက်တွေ့ဆုံ ဂါရဝပြု၍ ကျန်းမာရေးအခြေအနေ မေးမြန်းကာ စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)