နိုင်ငံတော်သမ္မတ၏ လုပ်ငန်းလမ်းညွှန်

၂၉ အောက်တိုဘာ

 

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့၌ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မြို့တော်ခန်းမတွင် တာဝန်ရှိအဖွဲ့ အစည်းပုဂ္ဂိုလ်များနှင့် တွေ့ဆုံ၍ လမ်းòန်အမှာစကားပြောကြားခဲ့ပါသည်။ ဤတွေ့ဆုံပွဲအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့၊တိုင်းဒေသကြီးလွှတ်တော်၊ တိုင်းဒေသကြီး တရားလွှတ်တော်၊ လွှတ်တော်ကိုယ်စားလှယ်များ(ပြည်သှူ၊ အမျိုးသား၊ တိုင်းဒေသကြီး) နှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များမှ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

 

 

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလ၏ ပြောင်းလဲမှုဖြစ်စဉ်များ အောင်မြင်ချောမွေ့စေရန်အတွက်ပြည်သူပြည်သားများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သှူဝန်ထမ်းအားလုံး၏ပုံစံကျနေသည့် အတွေးအခေါ်နှင့် ပုံသေကားကျအလေ့အထများ ပြုပြင်ပြောင်းလဲရန် အထူးလိုအပ်နေသည်ကို အလေးအနက်ထား ပြောကြားခဲ့ပါသည်။ နိုင်ငံတော်သမ္မတက ပြုပြင်ပြောင်းလဲရေးသည် နိုင်ငံသူ နိုင်ငံသားများအားလုံး တောင့်တနေသည့် ဆန္ဒဖြစ်သည်နှင့်အညီ အဆိုပါဆန္ဒအား အကောင်အထည်ဖော်ရန် အားလုံးတွင်တာဝန်ရှိသည်ကို ထောက်ပြခဲ့ပါသည်။ ဤပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာ၌ တွန့်ဆုတ်မှုများနှင့်အတူ စိုးရိမ်မှု၊ ဝန်လေးမှုတို့ ရှိနေသည်ကိုလည်းနိုင်ငံတော်သမ္မတက သုံးသပ်တင်ပြခဲ့ပါသည်။ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကိုသာ အကောင်အထည်ဖော်နိုင်စွမ်းမရှိပါက နိုင်ငံတော်၏ ဖွံ့ ဖြိုးတိုးတက်မှုကို ဖန်တီးနိုင်မည်မဟုတ်၍ နိုင်ငံတော်သမ္မတကတာဝန်ရှိအဖွဲ့အစည်း၊ ပုဂ္ဂိုလ်အားလုံးအား ပြုပြင်ပြောင်းလဲရေး ရေစီးကြောင်းတွင် လိုက်ပါကြပါရန် လမ်းòန်အမှာစကားပြောကြားခဲ့ပါသည်။

 

 

ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တို့သည် တိုင်းပြည်၏ ဖွံ့ ဖြိုးရေးအတွက် မဖြစ်မနေဆောင်ရွက်ရမည့် ကိစ္စရပ်များဖြစ်၍ အတင်းအကျပ်တိုက်တွန်းမှ ဖော်ဆောင်မည်ဟူသော သဘောထားမျိုးမထားကြရန်ကိုလည်း နိုင်ငံတော်သမ္မတက သတိပေးစကားပြောကြားခဲ့ပါသည်။ တစ်ဆက်တည်း နိုင်ငံတော်သမ္မတက အတိတ်သင်ခန်းစာတို့ကို နှလုံးသွင်းခံယူလျက် အနာဂတ်၌ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးအား ဦးတည်အကောင်အထည် ဖော်ရမည်ကိုပါ လမ်းညွှန်ခဲ့ပါသည်။ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးသည် တိကျသော လုပ်ငန်းစဉ်များ ချမှတ်၍ အကောင် အထည်ဖော်ရမည်ဖြစ်သည်နှင့်အညီ နိုင်ငံတော်က ဥပဒေပြုရေး၊ အုပ်ချုပ် ရေး၊ တရားစီရင်ရေးတို့နှင့်ပတ်သက်သော မူဝါဒတို့ ချမှတ်ထားသည်ကိုလည်း နိုင်ငံတော်သမ္မတကရှင်းလင်းတင်ပြခဲ့ပါသည်။

 

 

နိုင်ငံတော်၏ အုပ်ချုပ်ရေးကို စီမံခန့်ခွဲရာ၌ နိုင်ငံရေးတရားမျှတမှု၊ စီးပွားရေးတရားမျှတမှု၊ လူမှုရေးတရားမျှတမှုတို့ ဖန်တီးဖော်ဆောင်ရမည်ဖြစ်သကဲ့သို့ အခွင့်အလမ်းညီမျှမှု၊ အဆင့်အတန်းညီမျှမှု၊ တရားဥပဒေအရာတွင် ညီမျှမှုတို့ ပုံဖော်ရမည်ကိုလည်း လမ်းòန်ပြောကြားခဲ့ပါသည်။ နိုင်ငံတော်သမ္မတက အုပ်ချုပ်ရေး ယ္တရားတို့ဟူသည် နိုင်ငံသူ နိုင်ငံသားတို့အား ဖိနှိပ်ချုပ်ချယ်သည့် သဘောမသက်ရောက်စေရ၊ ပြည်သှူဝန်ဆောင်မှုသဘောသာဖြစ်စေရမည်ကို ရှင်းလင်းပြောဆိုခဲ့ပါသည်။ တရားမျှတရေးသည် ဒီမိုကရေစီခိုင်မာရေးနှင့် လှူအဖွဲ့အစည်းခိုင်မြဲရေးတို့၏ အခြေခံအုတ်မြစ်ဖြစ်သည်နှင့်အညီ အုပ်ချုပ်ရေးအား တရားမျှတ၍ ဘက်လိုက်မှုကင်းသည့် အုပ်ချုပ်ရေးဖြစ်စေရန်ကိုလည်း နိုင်ငံတော်သမ္မတကထောက်ပြခဲ့ပါသည်။

 

 

နိုင်ငံတော်သမ္မတက တရားစီရင်ရေး၌ လုပ်ပိုင်ခွင့်ရှိသူများ၊ တာဝန်ရှိသူများ၏ ဝင်ရောက်စွက်ဖက်မှု ကင်းရှင်းစေရေးအတွက် ဆောင်ရွက်ရန်ညွှန်ကြားသကဲ့သို့ လှူအခွင့်အရေးချိုးဖောက်မှု မရှိစေရေး အပါအဝင်အဂတိကင်းစင်သည့် တရားစီရင်ရေးဖြစ်စေရန် လမ်းညွှန်ခဲ့ပါသည်။

 

 

နိုင်ငံတော်သမ္မတက တာဝန်ရှိပုဂ္ဂိုလ်အဖွဲ့အစည်းများအနေဖြင့် မိမိတို့ဖြတ်သန်းသည့်ကာလတစ်ခုတွင် သမိုင်းကပေးအပ်လိုက်သည့် တာဝန်များကို ကျေပွန်မှသာ နောင်မျိုးဆက်တို့က အသိအမှတ်ပြုလေးစားမည်ဟု သုံးသပ်တင်ပြလိုက်ခြင်းသည် နိုင်ငံသူ နိုင်ငံသား အားလုံးအတွက် လုပ်ငန်းလမ်းညွှန်ချပြလိုက်ခြင်းဖြစ်ပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။ မြန်မာ့အလင်း