နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများနှင့် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့်အဖွဲ့ ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိ

ရန်ကုန် ၂ ဇန်နဝါရီ 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂ ရက်အထိ ကျင်းပခဲ့သည့် နှစ်သစ်ကူးအကြိုည တရားဒေသနာတော်များ ရွတ်ဖတ်ဆုတောင်းပွဲနှင့် ဝိပဿနာရှုမှတ်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။

အဆိုပါအဖွဲ့အား သာသနာရေးဦးစီးဌာန၊ သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်တို့မှ တာဝန်ရှိသူများမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လာရောက်ကြိုဆိုကြသည်။ 

(သတင်းစဉ်)