မြိတ် ၂၃ မတ်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ဆရာတော်ဘုရားကြီးမှ မတ်လ(၂၂)ရက်၊ ည(၇)နာရီတွင် မြိတ်မြို့၊ အလယ်ကျွန်းရပ်၊ တောကျောင်းပရိယတ္တိစာသင်တိုက်တွင် အထူးဓမ္မသဘင်ကျင်းပကာ မြို့နေပြည်သူများအား တရားဒေသနာချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
တောကျောင်းပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် မဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဒမ္မဇောဓိကဓဇ ဘဒ္ဒန္တတေဇောဘာသ ဆရာတော်ကြီး၏ (၇၅)နှစ်ပြည့် စိန်ရတုမွေးနေ့အလှူအဖြစ် အဆိုပါဓမ္မသဘင်ကို ကျင်းပခြင်းဖြစ်ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဌ ဗန်းမော်ဆရာတော်ဘုရားကြီးမှ ကြွရောက်ချီးမြှင့်ကာ စိတ်နှလုံးငြိမ်းချမ်းဖွယ်နိဗ္ဗာန်ရောက်ကြောင်း တရားဒေသနာများကို ဟောကြားချီးမြှင့်ပေးရာ တရားချစ်ခင်သည့် မြို့နေပြည်သူများစွာ လာရောက်မှတ်သားနာယူကြကြောင်း သိရသည်။
ဇော်မျိုးနိုင်(မြိတ်ခရိုင်ပြန်/ဆက်)


