မိုးမိတ်   ၂၂ ဧပြီ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့တွင် ဧပြီ ၂၃ ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတကာ စာအုပ်စာစောင်များနေ့ အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအဖြစ် စာအုပ်စာစောင်ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပခဲ့သည်။

 

အဆိုပါပြိုင်ပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နေမျိုးပိုင် ဧပြီ ၂၃ ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတကာ စာအုပ်စာစောင်များနေ့ အထိမ်းအမှတ်အဖြစ် ပြုလုပ်ပေးရခြင်းဖြစ်ပြီး မိမိတို့၏ စာဖတ်စွမ်းရည်ကို တိုးတက်လာစေပြီး စာဖတ်လိုစိတ်ရှိစေရန်နှင့် စာဖတ်ခြင်းကြောင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန်တို့အတွက် ရည်ရွယ်၍ ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူလေးများအား စာအုပ်စာစောင်များကို ဖတ်ရှုစေပြီး   စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပခဲ့ရာ ဆုရရှိသော ကျောင်းသား၊ ကျောင်းသူလေးများအား တာဝန်ရှိသူများက ဆုများပေးအပ် ချီးမြှင့်ခဲ့ပြီး တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူလေးများက ပြသထားသော စာအုပ်စာစောင်များအား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

 

စည်သူဌေး (မိုးမိတ်သား)

 

1.0