ရန်ကုန် ဩဂုတ် ၁၈
အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံ သင်တန်းအမှတ်စဉ်(၁၁၀)၏ သင်တန်းဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက် ၈ နာရီတွင် နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်(အောက်မြန်မာပြည်) ရတနာသိင်္ဃခန်းမ ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဦးစိုးတင့်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် တာဝန် ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူမျာ သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဦးစိုးတင့်က အနာဂတ်တိုင်းပြည်အတွက် လူသားအရင်းအမြစ် ကောင်းများ မွေးထုတ်ပေးနိုင်စေရေး ဆရာ ဆရာမ များအနေဖြင့် အလေးထားဆောင်ရွက် သွားကြရန် မှာကြားလိုကြောင်း၊ နိုင်ငံရေးစနစ်အရ အစိုးရအဖွဲ့ များ ပြောင်းလဲစေကာမူ တာဝန်ယူရသည့် လုပ်ငန်း ကဏ္ဍနှင့် အဆင့်အလိုက် လုပ်ငန်းတာဝန်များကို စဉ်ဆက်မပြတ် မှန်မှန်ကန်ကန် လုပ်ဆောင်ပြီး နိုင်ငံ အကျိုး၊ ပြည်သူအကျိုးကိုရှေးရှု၍ စည်းကမ်းရှိပြီး စနစ်ကျသော အဖွဲ့အစည်းဖြစ်အောင် ဝိုင်းဝန်းတည်ဆောက်ကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံ သင်တန်း အမှတ်စဉ်(၁၁၀)သို့ သင်တန်းသား ၃၂ ဦး၊ သင်တန်းသူ ၃၆၁ ဦး စုစုပေါင်း ၃၉၃ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဩဂုတ် ၁၈ ရက်မှ စက်တင်ဘာ ၁၉ ရက်ထိ ရက်သတ္တ ငါးပတ်ကြာ ဖွင့်လှစ်မည်ဖြစ်သည်။
ထို့နောက် အဖွဲ့ဝင် ဦးစိုးတင့်သည် တက္ကသိုလ် တွင် ဖွင့်လှစ်ပို့ချနေသောသင်တန်းများကို ကြည့်ရှုစစ်ဆေးပြီး တက္ကသိုလ်မှ ပညာဌာန ပါမောက္ခ (ဌာနမှူး)များ၊ ပါမောက္ခများနှင့် တက္ကသိုလ် အစည်းအဝေးခန်းမတွင် တွေ့ဆုံ၍ သင်တန်းအလိုက် ပို့ချပေးနေသည့် သင်ရိုးညွှန်းတမ်းများနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


