နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၌ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ 

ရန်ကုန် မတ် ၁၃ 

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ညနေပိုင်းတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ တာဝန်ရှိသူများနှင့် အရာထမ်း ၊ အမှုထမ်းများ တက်ရောက်ကြသည်။ 

ရှင်းလင်းဆွေးနွေးပွဲတွင် ပါမောက္ခချုပ် ဦးဇော်ဇော် က မြန်မာနိုင်ငံတွင် ပြည်သူ့စစ်မှု ထမ်း ဥပဒေအရ အကျုံးဝင်နိုင်သည့် လူဦးရေမှာ (၁၃)သန်းခန့်ရှိကြောင်း၊ ပြည်သူ့စစ်မှု ထမ်းအဖြစ် ဆင့်ခေါ်ရာတွင် သတ်မှတ်ချက်နှင့် ကိုက်ညီသူများကို တစ်ချိန်တည်း၊ တစ်ပြိုင် တည်း ဆင့်ခေါ်မည် မဟုတ်ဘဲ နေရာဒေသ အလိုက်၊ မြို့နယ်အလိုက်၊ လူဦးရေပေါ်မူတည်၍ အချိုးအစားအလိုက် ခေါ်ယူသည့်စနစ်ကို ကျင့်သုံးသွားမည် ဖြစ်ကြောင်း၊ သင်တန်းတစ်ပတ် စဉ်လျှင် ရပ်ကွက်/ကျေးရွာ တစ်ခုမှ  အများဆုံး အရေအတွက်မှာ (၁)ဦး/ (၂)ဦးထက် ပိုနိုင် မည် မဟုတ်ကြောင်း၊ လူမှုကွန်ရက်တွင် ကြားသိရသမျှ သတင်းတိုင်းကို အမှန်ဟု မယူဆ သင့်ပါကြောင်း၊ အသိပညာဖြန့်ဝေပေးခြင်းဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက် ပေးရန် လိုအပ် ကြောင်း၊ နိုင်ငံကာကွယ်ရေးအတွက် နိုင်ငံသားတိုင်း စစ်မှုထမ်းခြင်းသည် နိုင်ငံသားတိုင်း၏ မြင့်မြတ်သော တာဝန်ပင်ဖြစ်ပါကြောင်း၊ နိုင်ငံ့အရေးတွင် မိမိတို့ကျရာ အခန်းကဏ္ဍမှ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်သူ့စစ်မှုထမ်းဥပဒေ နှင့်ပတ်သက်၍ နိုင်ငံ့ဝန်ထမ်းများ နားလည် သဘောပေါက်စေရန် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ် ဦးဇော်ဇော်၊ ဥပ‌ဒေပညာဌာန ပါမောက္ခ ဒေါ်သင်းသင်းလှိုင်၊ နိုင်ငံရေးသိပ္ပံပညာဌာန ပါမောက္ခ ဒေါ်ညွန့်ညွန့်ထွေးနှင့် ကာကွယ်ရေးပညာဌာနမှ ရဲမှူးကြီး သန့်လွင်မောင် တို့က ဥပဒေပါ အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်