ရန်ကုန် ဩဂုတ် ၄
အရာထမ်းငယ်သင်တန်း အမှတ် စဉ်(၁၃၄)၏သင်တန်းဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက် မြန်မာပြည်) ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ပါမောက္ခချုပ် ဦးကျော် ထွေး၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပညာဌာနများမှ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်း များမှ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ပါမောက္ခချုပ်က သင်တန်းဖွင့် မိန့်ခွန်းပြောကြားရာတွင် ယနေ့ဖွင့်လှစ်သည့် သင်တန်းသည် နိုင်ငံ့တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းများအား အမျိုးသား ရေးအမြင်ရရှိရေးနှင့် စိတ်ဓာတ်မှ ကြံ့ခိုင်မှုရှိစေရေးအတွက် လေ့ကျင့် ပျိုးထောင်ပေးရန်၊ သက်ဆိုင်ရာ ပညာရပ်များကို အခြေခံအားဖြင့် နားလည်သဘောပေါက်စေပြီး စည်းကမ်းနှင့် ကိုယ်ကျင့်သိက္ခာကို စောင့်သိ ထိန်းသိမ်းတတ်သော ဝန်ထမ်းကောင်းများ ဖြစ်လာစေ ရန် ရည်ရွယ်ပြီး ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းသား သင်တန်း သူများအနေဖြင့် သင်တန်း တက်ရောက်ရသည့် အခွင့်အရေးကို အလေးအနက်တန်ဖိုးထားပြီး တာဝန်ကျေပွန်စွာဖြင့် စိတ်ရောကိုယ်ပါ ကြိုးစားလေ့ကျင့်သွားရန်လိုကြောင်း မှာကြားသည်။
အရာထမ်းငယ်သင်တန်း အမှတ်စဉ်(၁၃၄)သို့ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ သင်တန်းသား ၁၁၉ ဦး၊ သင်တန်းသူ ၁၅၂ ဦး စုစုပေါင်း ၂၇၁ ဦး တက်ရောက်ကြ ပြီး သင်တန်းကာလမှာ ဩဂုတ် ၄ ရက်မှ အောက်တိုဘာ ၁၅ ရက်အထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


