ရန်ကုန် စက်တင်ဘာ ၈

အရာထမ်း အခြေခံသင်တန်း အမှတ်စဉ် (၂၂၄) ၏ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) အုန်းတော ခန်းမ၌ကျင်းပရာ ဒုတိယ ပါမောက္ခချုပ် (စီမံခန့်ခွဲရေး)၊ ဒုတိယပါမောက္ခချုပ် (သင်ကြားရေး)၊ ဌာနကြီးမှူးများ၊ ပညာဌာနများမှ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းအသီးသီးမှ သင်တန်းသား သင်တန်းသူ ၂၀၃ ဦး တက်ရောက်ကြသည်။

သင်တန်းဖွင့်ပွဲတွင် ဒုတိယ ပါမောက္ခချုပ် (စီမံခန့်ခွဲရေး) ဒေါ်မူမူမြင့်က အမှာစကား ပြောကြားသည်။

အဆိုပါ အရာထမ်းအခြေခံ သင်တန်း အမှတ်စဉ်(၂၂၄) သို့ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ သင်တန်းသား ၉၈ ဦး၊ သင်တန်းသူ ၁၀၅ ဦး စုစုပေါင်း ၂၀၃ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ စက်တင်ဘာ ၈ ရက်မှ ဒီဇင်ဘာ ၃ ရက်အထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်