နိုင်ရိုဘီမြို့တော် အကြမ်းဖက်တိုက်ခိုက်မှုအတွင်း လူများစွာ သေဆုံးခဲ့ဟု သတင်းများ ဖော်ပြ

၁၆ ဇန်နဝါရီ

ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တော်ရှိ အဆင့်မြင့်ဟိုတယ်တစ်ခုနှင့် ရုံးအဆောက်အဦးတစ်ခုတွင် သေနတ်သမားများက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ လူပေါင်း အမြောက်အမြားသေဆုံးခဲ့သည်။ 

အဆိုပါ တိုက်ခိုက်မှုမှာ အနီးအနားရှိ ဘဏ်တစ်ခု၏ ကားပါကင်တစ်ခုနှင့် ဟိုတယ်ဧည့်စောင့်ခန်းတစ်ခု၌ ပေါက်ကွဲမှုတစ်ခုဖြင့် စတင်ခွဲခြင်းဖြစ်သည်။

သေနတ်သမားများနှင့် လုံခြုံရေးတပ်ဖွဲ့ကြား နာရီအတော်ကြာ တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုတွင် လူမည်မျှပါဝင်သည် သို့မဟုတ် လူမည်မျှသေဆုံးသည်ကို မသိရသေးပေ။ အဆိုပါ တိုက်ခိုက်မှုအတွင်း လူ ၆ ဦး သေဆုံးပြီး ၃၀ခန့် ဒဏ်ရာရရှိခဲ့သည့်ဟု ရဲတပ်ဖွဲ့ကို ကိုးကား၍ ဒေသန္တရမီဒီယာများက ဖော်ပြသည်။

သေဆုံးသူများမှာ ဒါဇင်ကျော်ထိ ရောက်ရှိလာခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများမှာ တိုက်ပွဲအတွင်း ပိတ်မိနေဆဲဖြစ်သည်ဟုသော သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။

 

mdn

 

တိုက်ခိုက်မှုဖြစ်ပွားရာနေရာမှာ နိုင်ငံခြားသားများ နှစ်သက်ရာနေရာဖြစ်ပြီး သေဆုံးသူများတွင် နိုင်ငံခြားသားများလည်း ပါဝင်သည်ဟုဆိုသည်။ 

ကင်ညာ လုံခြုံရေးအာဏာပိုင်များက ပြဿနာကို အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုအဖြစ် စုံစမ်းစစ်ဆေးလျက်ရှိသည်။

ဆိုမာလီယာအခြေစိုက် အစ္စလာမ်မစ် စစ်သွေးကြွအုပ်စု အယ်လ်ရှာဘတ်အုပ်စုက တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ကင်ညာနိုင်ငံက အယ်ရှာဘတ်စစ်သွေးကြွများကို ချေမှုန်းရေး စစ်ဆင်ရေးတစ်ခုတွင်ပါဝင်ရန် ဆိုမာလီယာသို့ တပ်ဖွဲ့များ စေလွှတ်ခဲ့သည်။ အယ်ရှာဘတ်အဖွဲ့မှာ ကင်ညာနိုင်ငံ၌ တိုက်ခိုက်မှုများစွာ လုပ်ဆောင်ခဲ့သည့်အဖွဲ့ ဖြစ်သည်။

အယ်လ်ရှာဘတ်သည် ၂၀၁၃ခုနှစ်တွင်လည်း နိုင်ရိုဘီရှိ ရှော့ပင်းမောတစ်ခုအတွင်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လူပေါင်း ၆၇ဦး သေဆုံးခဲ့သည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်

 

mdn