နမ့်ဆန် ၁၉ မတ်


ရှမ်းပြည်နယ်(မြောက်ပိုင်း) ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ချယ်ရီမေတ္တာ ဖောင်ဒေးရှင်းက မျက်စိဝေဒနာရှင်များအား အခမဲ့မျက်စိစမ်းသပ်ပြီး ခွဲစိတ်ပြီးသော မျက်စိဝေဒနာရှင်များကို  နမ့်ဆန်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ကာ ကျွမ်းကျင်ပညာရှင်များက ပြန်လည်စစ်ဆေးမှုများပြုလုပ် လျက်ရှိကြောင်း သိရသည်။


ချယ်ရီမေတ္တာဖောင်ဒေးရှင်း၏ (၂၇)ကြိမ်မြောက် အခမဲ့မျက်စိစမ်းသပ်ခွဲစိတ် ကုသခြင်း စက္ခုဒါနအလှူပွဲတွင် နမ့်ဆန်မြို့နယ်အတွင်းရှိ ရဟန်းရှင်၊ ပြည်သူမျက်စိဝေဒနာရှင် ၁၆၀ဝ ကျော်ကို အခမဲ့စမ်းသပ်ကုသပေးနိုင်ခဲ့သည်။

 

1


ယင်းနောက် ခွဲစိတ်ရမည့် မျက်စိဝေဒနာရှင် (၄၇)ဦးတို့အား ရန်ကုန်မြို့မှ ပါရဂူများနှင့် ကျွမ်းကျင်သော ပညာရှင်များ၊ ဦးဆောင်ခွဲစိတ်မည့် ဆရာဝန်ကြီးများဖြစ်သည့် ပါမောက္ခဦးကိုကိုတင်၊ ဒေါက်တာဒေါ်ခင်ဉမ္မာ၊ ဒေါက်တာဒေါ်အေးအေးသွင်နှင့် ဒေါက်တာဇော်ဇော်နိုင် အဖွဲ့များတို့က နမ့်ဆန်ပြည်သူ့ဆေးရုံတွင် ခွဲစိတ်ပြီးသော မျက်စိ ဝေဒနာရှင်များတို့ကို လာရောက် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 


အောင်မိုး (နမ့်ဆန် ပြန်/ဆက်)

 

1