နေပြည်တော် ၁၃ နိုဝင်ဘာ
ယနေ့ မြန်မာစံတော်ချိန် ၉ နာရီ၊ ၃၆ မိနစ်၊ ၂၅ စက္ကန့်တွင် တောင်ကြီးမြေငလျင်စခန်းမှ အရှေ့-အရှေ့မြောက်ဘက်မိုင်(၄၉) ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း၊ နမ့်စန်မြို့၏ မြောက်ဘက် (၁၃) မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် (၂၁.၀၈) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၇.၇၃) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၂) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
MDN


