နမ့်စန် အောက်တိုဘာ ၁
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် (၆၁)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ် (၄)ရပ်ကွက်ရှိ နမ့်စန်ခရိုင် ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ နမ့်စန်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နိုင်က (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ မိန့်ခွန်းပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ထံမှပေးပို့လာသည့် ရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် သဝဏ်လွှာအား နမ့်စန်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သန်းနိုင်က ဖတ်ကြားသည်။
ဆက်လက်၍ ဒုတိယရဲအုပ်အဆင့်မှ ရဲအုပ်အဆင့်သို့ ရာထူးတိုးမြှင့်ခြင်းခံရသည့် ကျိုင်းတောင်းနယ်မြေ ရဲစခန်းမှ ရဲအုပ်ဆက်ပိုင်ထူး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့သည့် ရဲမှုထမ်းဟောင်းများနှင့် ရပ်မိရပ်ဖများကို ဂုဏ်ပြု မှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)


