နေပြည်တော် ၁၉ ဖေဖော်ဝါရီ
ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၈ နာရီမှ ညနေ ၄ နာရီထိ နမ့်ခမ်းမြို့နယ်၊ တာကွန့်ကျေးရွာ၏ မြောက်ဘက် ၁ မိုင်ခန့်အကွာ၌ အမြင့် ၂ ပေခန့်ရှိ သီးပွင့်ဆဲဘိန်းခင်းစုစုပေါင်း ၁၆ ဧကခန့်နှင့် အထက်စီတန့်ကျေးရွာ၏ အနောက်တောင်ဘက် ၁ မိုင်ခွဲခန့်အကွာ၌ အမြင့် ၂ ပေခွဲခန့်ရှိ သီးပွင့်ဆဲဘိန်းခင်း ၂ ဧကခန့်အား ဖျက်ဆီးခဲ့သည်။
အလားတူ ပင်လောင်းမြို့နယ်၊ ပင်မွန်းတောင်ကျေးရွာ၏ အရှေ့ဘက် ၁ မိုင်ခန့်အကွာ၌ အမြင့် ၃ ပေခွဲခန့်ရှိ သီးပွင့်ဆဲဘိန်းခင်းစုစုပေါင်း ၁၉.၅ ဧကခန့်၊ တန့်ယန်းမြို့နယ်၊ မန်ကောင်းကျေးရွာ၏ အရှေ့ဘက် ၁ မိုင်ခန့်အကွာ၌ အမြင့် ၂ ပေခွဲခန့်ရှိ သီးပွင့်ဆဲဘိန်းခင်း စုစုပေါင်း ၂၈ ဧကခန့်၊ လွိုင်လင်မြို့နယ်၊ လွယ်မွတ်ကျေးရွာ၏ မြောက်ဘက် ၁ မိုင်ခန့်အကွာ၌ အမြင့် ၂ ပေခွဲခန့်ရှိ သီးပွင့်ဆဲဘိန်းခင်းစုစုပေါင်း ၃ ဧကခန့်၊ လဲချားမြို့နယ်၊ ပန်ဆနမ်းကျေေးရွာ၏ အရှေ့ဘက် ၁ မိုင်ခန့်အကွာ၌ အမြင့် ၂ ပေခန့်ရှိ သီးပွင့်ဆဲဘိန်းခင်း ၃ ဧကခန့်တို့အား သက်ဆိုင်ရာရဲတပ်ဖွဲ့များက အသီးသီးဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား


