နမ္မတူ ၁၉ မတ်

    
ချယ်ရီမေတ္တာဖောင်ဒေးရှင်းမှ မျက်စိဝေဒနာရှင်များအား အခမဲ့ကုသဆောင်ရွက်ခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ္မတူမြို့နယ်၊ မြို့လယ်ဘုန်းတော်ကြီးကျောင်း၌ ယနေ့နံနက် ၈ နာရီမှ စတင်၍ ကုသဆောင်ရွက်ပေးလျက် ရှိသည်။
    

မျက်စိဝေဒနာရှင်များအား အခမဲ့ကုသဆောင်ရွက်ရာတွင် ရန်ကုန်မြို့၊ မျက်စိပါရဂူကြီးများနှင့် ကျွမ်းကျင်ပညာရှင်များကိုယ်တိုင် လာရောက်၍ နမ္မတူမြို့နယ်နှင့် မြို့နယ်တွင်းရှိ ကျေးရွာများမှ မျက်စိဝေဒနာရှင်များနှင့် မျက်စိခွဲစိတ်ရန်လိုအပ်သည့် ဝေဒနာရှင်များကို မျက်စိခွဲစိတ်ပြီးသည်အထိ စမ်းသပ်ခ၊ ခွဲစိတ်ခ၊ မျက်မှန်၊ ဆေးဝါး အစရှိသည်များကို အခမဲ့ကုသ ဆောင်ရွက်ပေးမည်ဖြစ်သည်။


ထိုသို့ ဆောင်ရွက်ရာသို့ နမ္မတူမြို့နယ်မှ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဝင်းမြင့်မိုရ်ကုမ္ပဏီမှ ဝန်ထမ်းများ၊ မြို့နယ်တွင်းရှိ လူမှုကူညီရေးအသင်းများ၊ မြို့နယ်ကြက်ခြေနီအသင်း၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် တိုင်းရင်းသားရိုးရာ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များမှ မျက်စိဝေဒနာရှင်များအား အခမဲ့ကုသ ဆောင်ရွက်ခြင်းလုပ်ငန်းတွင် လိုအပ်သည့်နေရာမှ ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့သည်။
    

အဆိုပါမျက်စိဝေဒနာရှင်များအား ချယ်ရီမေတ္တာရှင်ဖောင်ဒေးရှင်းမှ အခမဲ့ဆေးကုသ ဆောင်ရွက်ခြင်းကို မတ်လ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ သုံးရက်တိတိ ကုသဆောင်ရွက်ပေးမည်ဖြစ်ပြီး ယနေ့နံနက် ၈ နာရီမှ ၁၀ နာရီအထိ စမ်းသပ်မှတ်ပုံတင်ပြီး မျက်စိဝေဒနာရှင် ၂၄၁ ယောက်ခန့် ရှိပြီဖြစ်ရာ ညနေ ၅ နာရီအထိ မျက်စိဝေဒနာရှင် ၆၀ဝ ခန့် ကုသဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။ 


(မြို့နယ်ပြန်/ဆက်)

 

1