နေပြည်တော် ၁၇ ဒီဇင်ဘာ
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁၆ ရက် ညနေပိုင်းက မိုးညှင်းမြို့နယ်၊ နန့်မွန်းမြို့၊ အမှတ်(၁)ရပ်ကွက်၊ တိုက်ကုန်းရပ်နေ မချိုသဲ (ခ)သဲသဲ၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၈၈၅ ပြားသိမ်းဆည်းရမိခဲ့သည်။
အလားတူ ယင်းနေ့ နံနက်ပိုင်းက တပ်မတော်မှ လောက်ကိုင်မြို့နယ်၊ ထင်ပါကျိုင်း ကျေးရွာအုပ်စု၊ ကျုံကျိုင်းကျေးရွာအနီး လူနေထိုင်ခြင်းမရှိသည့်အဆောက်အအုံကိုရှာဖွေရာ မျက်နှာကြက်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၆,၅၃၄ ပြား၊ ဘိန်းဖြူ ၁၀ ဂရမ်တို့ကိုလည်းကောင်း၊
ထို့အတူ ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့နယ်၊ မူဆယ်-မန္တလေးသွား ကားလမ်းမ ပေါ်၊ မိုင်တိုင်အမှတ်(၈၀/၄) အနီးတွင် အောင်လင်းကျော် မောင်းနှင်လာသော မော်တော်ဆိုင်ကယ် အား ရပ်တန့်ရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၁၄၅ ပြား သိမ်းဆည်း ရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(ရဲပြန်ကြား)


